part 1

30 5 7
                                    

တီ..တီ..တီ..တီ

နိုးစက်အသံကြောင့် taehyungနိုးလာသည်။

ထို့နောက် ရေချိုးခန်းထဲဝင်ပြေးကာ အလုပ်သွားရန်အမြန်ပြင်ရသည်။

time skip

taehyung အလုပ်က စာကြည့်တိုက်မှုး ဖြစ်သောကြောင့် စာကြည့်တိုက်ကို လာခဲ့သည်။

စာကြည့်တိုက်ကို သော့ဖွင့်နေရင်း မျက်နှာချင်းဆိုင်မှာ ဖွင့်နေသော cafe ကိုစပ်စုနေသည်။

''cafe ဆိုင်အသစ်ပဲ! Euphoria!''

taehyung အသံတိုးတိုးဖြင့် ရွတ်လိုက်သည်။

time skip

taehyung သူ့ကောင်တာတွင်ထိုင်နေတုံး အသံ တစ်သံကြားလိုက်ရသည်။

''ဒီမှာခင်ဗျာ့..ကမ္ဘာ့သမိုင်းနဲ့ ပတ်သတ်တဲ့ စာအုပ်တွေ မတွေ့လို့!"

taehyung ထိုသူကို မော့အကြည့် မျက်လုံးချင်း ဆုံမိသွားသည်။

နှစ်ယောက်လုံး အကြည့်မလွဲဖြစ်။

မိနစ်အနည်းငယ်ကြာတော့ taehyungမနေတတ်တော့ပေ။

''အဟမ်း..ဟို...သမိုင်းနဲ့ပတ်သတ်တဲ့ စာအုပ်တွေက
ဟိုဘက် နားမှာပါ''

Taehyung အရင်မျက်လုံးလွှဲလိုက်ရင်း လက်ညိုးညွန်ပြလိုက်သည်။

''ဟုတ်ကဲ့..ကျေးဇူးပါ''

ထိုသူထွက်သွားတော့ taehyung သူ့ရင်ဘတ်သူစမ်းမိသည်။

'ဘာလဲ..ဒီရင်ဘတ်ကြီးက ဘာလို့ခုန်နေတာလဲ!'
'လက်က tattoo တွေနဲ့မှ မလိုက်..စကားပြောတာ ယဥ်ကျေးလိုက်တာ!'

မိနစ်အနည်းငယ် ကြာတော့ ထိုသူပြန်ရောက်လာသည်။

''ကျတော်ဒီစာအုပ် 3 အုပ် ငှားမယ်ဗျ!''

''ဟင်..ဟုတ်..ဒီနေ့က 23 ဆိုတော့ နောက်လ 5ရက် နေ့မတိုင်ခင် ပြန်လာအပ်ပေးပါ"

''ဟုတ်ကဲ့!"

ထိုသူ့ကို taehyung လိုက်ကြည့်နေမိသည်။

time skip(in the evening)

ညနေ 5 နာရီထိုးပြီဖြစ်သောကြောင့် taehyung ပြန်ရန် ပြင်တော့သည်။

အပျင်းကြောဆန့်လိုက်ရင်း...

''အား...ဗိုက်ဆာလိုက်တာ!"

အရှေ့ကcafeကို မျက်လုံးရောက်သွားသည်။

''စမ်းကြည့်ကြမလား!''

time skip

taehyung စာကြည့်တိုက်ရှေ့ကcafeဆီလာသည်။

''ကြိုဆိုပါတယ်!''

''အယ်..ဟို..''

tattoo တွေနဲ့ထိုသူဖြစ်တာကြောင့် အနည်းငယ်အံ့သြ သွားသည်။

''ခုနက စာအုပ်ငှားသွားတဲ့သူပဲ!''

''ဟုတ်တယ် ဗျ..ဒီနေ့မှ ကျတော့်ဆိုင်ဖွင့်တာ!''

''အော်..ကျတော်က ဟိုရှေ့က စာကြည့်တိုက် မှုးလေ..Kim Taehyung ပါ"

''Jeon jungkook ပါ!အခုမှ ဒီရောက်တာဆိုတော့ အကူညီလိုရင် တောင်းမယ်နော်''

''ဟီး..ဟုတ်ကဲ့ပါ!''

jungkook အကြောင်းရင်း မရှိပဲ ဂုတ်ကို ပွတ်နေမိသည်။

''ကျတော့်ကို stawberry cake နဲ့ chocolate shake တခွက် ပေးပါ!''

''nae"

အအေးဖျော်နေသော ထိုသူကို ကြည့်ရင်း taehyung စိတ်ထဲ တမျိုးဖြစ်လာသည်။

'Kim taehyung!!!မင်းရူးနေပြီ"

jungkook သူ့ဘာသူ အတွေးလွန်ပီး ခေါင်းခါနေသော ကောင်လေးကိုခိုးခိုးကြည့်နေမိသည်။

time skip(at night)(jk pov)

jungkook သူ့အခန်းထဲ မှာစာဖတ်နေတုံး တံခါး ခေါက်သံကြားလိုက်ရသည်။

''အော်..အမေ!''

''အင်း..သား..ဘယ်လိုလဲ!မင်းcafeအဆင်ပြေရဲ့လား!"

''ဒီလိုပါပဲ!ခုမှ စဖွင့်တော့!"

''မင်းပုံမှန်လူတန်းစား လိုနေချင်တယ် ဆိုလို့ အမေ ခွင့်ပြုထားပြီးပြီ..အခု အမေပြောတာနားထောင်ရမယ့်အလှည့်ပဲ!''

jungkookသူ့လက်ထဲက စာအုပ်ကိုပိတ်ကာ စားပွဲပေါ်ချလိုက်သည်။

ဒီလိုမျိုးတွေ ပြောနေပုံဆိုရင် သူ့အမေတခုခု လုပ်စေချင်နေမှန်း jungkook သိလိုက်သည်။

''ဝန်ကြီး han ရဲ့ သမီး han yuraမနက်ဖြန် နိုင်ငံခြားကနေပြန်ရောက်မယ်!သူမကိုသွားကြို!!

''အမေ!!__''

''ဒါအမေ့ အမိန့်ပဲ!သား!မင်းငြင်းပိုင်ခွင့် မရှိဘူး!''

jungkook အမေထွက်သွားသည်။
jungkook လက်သီးကိုသာ ဆုပ်ထားမိသည်။

jungkookမှာ သူ့အမေကို လွန်ဆန်ပိုင်ခွင့်မရှိ..သူ့အဖေ ဆုံးပြီးကတည်းက အမေကသာ သူ့ကိုစောင့်ရှောက်ပေးခဲ့ရင်း company ကိုဦးစီးခဲ့သည်။
သူမ အကျိုးအတွက် အရာရာကိုစွန့်လွှတ်နိုင်သည်၊ဘာမဆိုလုပ်နိုင်သည် လေ။

time skip(following day)



part 1 end

write by Kim_Saung

ဒီficက ဝုန်းဒိုင်းကြီး ခါးမှာမဟုတ်ပဲ ဖြေးဖြေး အေးအေးလေးနဲ့ ခါးမှာပါနော်...

True LoveDonde viven las historias. Descúbrelo ahora