အခန်း ၁၁/ ရေချိုးချိန်

501 82 3
                                    

-အရှင်ဧကရာဇ်က ခြိမ်းခြောက်တတ်ပေ
ယ့် အကြင်ခင်ပွန်းကတော့လုပ်ဘူး-

ထမင်းစားပြီးနောက် နန်းတွင်းအစေခံများသ
ည် စားပွဲပေါ်တွင် ကျန်ရစ်နေသော စားကြွင်း
စားကျန်များကို ရှင်းလင်းခဲ့ကြသည်။ဝေ့လျန်သည် ချည်ထိုးထားသော အဖြူရောင် လက်
ကိုင်ပုဝါဖြင့် နှုတ်ခမ်းကို သေသပ်စွာ သုတ်လိုက်သည်။

ဆောင်းရာသီတွင် နေ့တာ တို၍ ညတာ ရှည်
၏။အပြင်ဘက်မှ ကောင်းကင်ယံသည် မှော
င်မိုက်နေပြီး လမင်းကြီးကိုပါ အုံ့ဆိုင်းထားလျက်။

အအေးဓာတ်ဟာလည်း လူတို့၏ အသွေးအ
သား အခြေအထိ နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်လျ
က်ရှိသည်။

ဝေ့လျန်သည် ညဥ့်ဘက်တွင် တိုက်ခတ်သော အအေးဓာတ်ကို မခံစားလို၍ ယန်ရှင်းအ
ဆောင်တော်ထဲသို့ ပြန်ဝင်တော့မည့်ဆဲဆဲတွ
င် ကျီယွယ့်က ကိုယ်တွင်းအပူရှိန် လွှဲပြောင်းပေးရန် ဝေ့လျန်၏ အေးစက်နေသော လက်ဖ
ဝါးကို ဆုပ်ကိုင်လာခဲ့သည်။

နန်းတွင်းအစေခံများရှေ့တွင် ကျီယွယ့်က ဝေ့လျန်၏ ကျန်းမာရေးကို စိတ်ပူပေးသည့်နှယ် နွေးနွေးထွေးထွေး စကားဆို၏။

"မင်း အေးနေရင် ကိုယ်တော့် လက်ကို ကိုင်ထားလိုက်"

ဝေ့လျန်က ရှက်သွေးဖြာသွားသည့်နှယ် ခေါ
င်းမငုံ့ခင်တွင် ပြုံးပြခဲ့သည်။

သူတို့နှစ်ဦး အကြားမှ လေထုသည် လိုက်ဖ
က်ညီစွာ သဟဇာတဖြစ်နေ၏။

ညဥ့်နက်လာချိန်တွင် ကျီယွယ့်သည် အမိန့်တော်ပြန်တမ်းများကို ဖတ်ရှုရန် ပြန်ထွက်သွားခဲ့သည်။တော်ဝင်ရုံးတော်တွင် ကိစ္စ အ
ထွေအထူး မရှိပါက ဖတ်ရှုခြင်း ပြီးဆုံးရန် တစ်နာရီခန့် ကြာမြင့်တတ်သည်။သို့မှမဟုတ်ဘဲ ဖြေရှင်းရမည့် ကိစ္စများ ရှိပါက နံနက်လ
င်းသည်အထိ ညလုံးပေါက် ဖတ်ရှုပေလိမ့်မ
ည်။

ယခင်တုန်းက မင်သွေးပေးရန် အနီးကပ် အ
မှုထမ်း တစ်ဦး ခန့်အပ်ခဲ့သော်လည်း ယခုတွ
င်မူ ထိုတာဝန်သည်'အမျိုးသားအသုံးတော်
ခံ'ဟု အမည်ပေးခံထားရသော ဝေ့လျန်ထံ လွှဲ
ပြောင်းသွားချေပြီ။

ထိမ်း​​မြားပဏ္ဏာအင်ပါယာWhere stories live. Discover now