Ch-2

7 1 0
                                    

သွေးအေးသောလူ

💬နင်းချောင်-"ဘာ! ပြည့်တန်ဆာဟုတ်လား? အဲ့ဒါရှင့်အလုပ်မဟုတ်ပါဘူး ဒီကနေထွက်သွားစမ်းပါ"
လောင်ယမ်းကိုဘယ်သူကမှအခုလိုမပြောဖူးဘူးအခုလို‌ေပြာတာကသူကိုပိုပြီးဒေါသထွက်စေတယ်။ လောင်ယမ်းတစ်‌ေယာက်ဒေါသတကြီးနဲ့သန့်စင်ခန်းတံခါးကိုတွန်းဖွင့်လိုက်တော့ လှပတဲ့မိန်းကလေးတစ်ယောက်ကြမ်းပြင်ပေါ်မှာထိုင်နေတာကိုတွေ့လိုက်တယ် ဒါပေမဲ့ လောင်ယမ်းက နင်းချောင်ရဲ့လှပတဲ့မျက်နှာကိုတစ်‌ချက်တောင်မကြည့်ဘဲ နင်းချောင်ဘက်ကိုလမ်းလျှောက်လာပြီးသူမကိုဆွဲထူကာနံရံဘက်ကိုဆောင့်တွန်းလိုက်တယ်၊ အဲ့ဒီ့နောက်ရုတ်တရုက် နင်းချောင်ရဲ့လည်ပင်းကို သေလုမတက် ကြမ်းတမ်းစွာညှစ်ထားတယ်။

💬နင်းချောင်-"နာ...နာတယ်"နင်းချောင်တစ်ယောက်အားယူပြီးစကားပြောသော်လည်းရက်စက်သော လောင်ယမ်းက ဘာတုန့်ပြန်မှုမှမပေးပဲ နင်းချောင်ရဲ့လည်ပင်း ကိုပိုပြီးတင်းတင်းကြပ်ကြပ် ညှစ်နေတယ်။ နင်းချောင်အသက်ရူလို့မရဖြစ်လာကာအတင်းရုန်းကန်နေသော်လည်း လောင်ယမ်းကသူမထက်များစွာသန်မာနေတော့ အင်အားပင်မရှိလောက်အောင်ပအားနည်းလာတယ် မကြာခင်မှာပဲ နင်းချောင်ရဲ့ပါးပြင်ပေါ်ကို မိုးရွာသလိုမျက်ရည်များကျလာခဲ့သည့်တိုင် လောင်ယမ်းက မလွှတ်ပေးသေးဘူး။

     အချိန်အနည်းငယ်ကြာပြီးနောက်လောင်ယမ်း‌တစ်ယောက်ထွက်သွားဖို့ပြင်လိုက်ပြီး

💬လောင်ယမ်း-"နောက်တစ်ခါဆိုရင်စကားကိုဘယ်လိုပြောရမလဲသင်ထား" လို့သတိပေးပြီး တစ်ချက်တောင်လှည့်မကြည့်ပဲထွက်လာခဲ့သည်။

      နင်းချောင်ကြမ်းပြင်ပေါ်ကိုလဲကျသွားပြီ ယောကျာ်းတစ်ယောက်ရဲ့နှိပ်စက်မှုကြောင့်အားနည်းသလိုခံစားနေရကာ အရက်မူးနေတဲ့အရှိန်ကလည်းမပြေသေးပေ၊ မကြာခင်မှာပဲ ထိုနေရာ၌ နင်းချောင်အိပ်ပျော်သွားခဲ့တယ်။

       တစ်ချိန်လုံးအေးနေတဲ့ကြမ်းပြင်ပေါ်မှာအိပ်နေပြီးနိုးလာတဲ့အခါမှာတော့ ကိုယ်ခန္ဓာကနာကျင်မှုကိုခံစားလိုက်ရသည်၊လက်ပတ်နာရီကိုကြည့်လိုက်တော့ 12:00am၊ဘားရဲ့အပြင်ဘက်ကိုဖြေးဖြေချင်းထွက်လာခဲ့ပြီး တိုက်ခန်းကိုပြန်ရန် တက္ကစီ ငှားလိုက်သည်၊အချိန်တစ်ခုလောက်‌ကြာပြီးနောက်မှာတော့ နင်းချောင်က သူမရဲ့အခန်းတံခါးကိုဖွင့်လိုက်ပြီး အိပ်ခန်းစီဦးတည်သွားကာ လက်ထဲမှလက်ကိုင်အိတ်ကိုလည်း ကြမ်းပြင်ပေါ် ပစ်ချထားလိုက်တယ် အခန်းထဲမှာရှိတဲ့ပစ္စည်းတေက ကြမ်းပြင်ပေါ်မှာပြန့်ကြဲနေပေမဲ့ နင်းချောင်ကတော့ဂရုမစိုက်ဘဲရေချိုးခန်းဆီလျှောက်သွားသည်။ ရေချိုးပြီးတဲ့အချိန်မှာတော့အိပ်ယာပေါ်ကိုပစ်လှဲလိုက်ပြီး ချက်ချင်းဆိုသလိုအိပ်မောကျ သွားပါသည်။

ကံကြမ္မာလှည့်ကွက်  Where stories live. Discover now