5.မစတင်လိုက်ရတဲ့ ဇာတ်လမ်းငယ်

134 20 4
                                    

"ကင်မ်ဒိုယောင်း..."

တံခါးပေါက်ရှေ့ မြင်လိုက်ရတဲ့သူကြောင့်
ဂျွန်ဂယူ ပါးစပ်အဟောင်းသားဖြစ်သွားရသည်။
သူ့ရှေ့မှာရပ်နေတဲ့ ကောင်လေးက
လွန်ခဲ့တဲ့ ၃နှစ်လောက်ကတည်းက မိဘတွေနဲ့အတူ နိုင်ငံခြားကိုအပြီးလိုက်ပြောင်းသွားတဲ့
သူ့ရဲ့ ညီတဝမ်းကွဲပဲ...

"မိုင် ဘရားသား"ဟုဆိုကာ မျက်နှာထက်အပြည့်နေရာယူထားတဲ့ အပြုံးတွေဖြင့် ဂျွန်ဂယူအားပြေးဖက်လို့လာခဲ့သည်။
ဂျွန်ဂယူလည်း ရုတ်တရက်မို့ ကြောင်ပြီး စက္ကန့်အတော်ကြာရပ်နေမိပေမယ့်
ဒိုယောင်းရဲ့ ကျောပြင်ကိုပြန်ပြီးဖက်တွယ်ကာ ခေါင်းလေးအားပုတ်ပေးလိုက်သည်။

"အာအီဂူးး....ဒိုယောင်းလေးက မတွေ့ရတာကြာတော့ အတော်ထွားလာတာပဲ"

ပုခုံးနှစ်ဖက်ကိုဆုပ်ကိုင်ရင်း မျက်နှာချင်းဆိုင်ကာ ဒိုယောင်းရဲ့မျက်နှာအသေးစိတ်ကို သေချာကြည့်မိသည်။
ဒိုယောင်းလေးရဲ့ မျက်နှာက အရင်အတိုင်းပဲ..ပြောင်းလဲသွားတာကတော့ ဆံပင်အရောင်ရယ်...
အယ် အဓိကက..ဒိုယောင်းလေးက အရင်ကလို သွားထိန်းတွေတပ်ထားရတဲ့ ကောင်ငယ်လေးမဟုတ်တော့ဘူး...နဂိုချစ်ဖို့ကောင်းတဲ့ကောင်လေးက အခုဆို အပြုံးလှလှလေးတွေနဲ့ အချောလေးဖြစ်နေပြီပေါ့

"ကြည့်လို့ဝပြီလား"

"အမ်.....
သြော်..အင်း ဆောရီးကွာ
အတွေးလွန်နေလို့"

"ဒိုယောင်းလေးက အရင်ကထပ်ပိုချောလာတော့ ကြည့်မဝဖြစ်နေတာမဟုတ်လား...
အိမ်ထဲရောက်မှ အေးဆေးကြည့်"

"ဟုတ်သား...
ဝင်ခဲ့လေ"
• • •
"ဒါဆို..ဒိုယောင်းလေးက ဒီမှာပဲနေတော့မှာပေါ့"
ကော်ဖီခွက်လေးကိုဒိုယောင်းရှေ့ချပေးလိုက်ကာ မေးလိုက်သည်။

"ဟုတ်...ကိုကို"

ကိုကိုဟူသောနာမ်စားကြောင့် ဂျွန်ဂယူပြုံးမိပြန်သည်။
"စောနကပဲ မိုင် ဘုရားသားဆို"

ခေါင်းလေးကုတ်ကာ ရယ်ကျဲကျဲလုပ်နေသော ဒိုယောင်း..

"အဲ့ဒါ..စတာလေဗျာ..."

"ကဲ..ပြောပါဦး ဘယ်လိုဖြစ်ပြီး ဒီကို တစ်ယောက်တည်းပြန်လာတာလဲ"

Thank you • HaruKyuWhere stories live. Discover now