1.Happy Valentine's Day or..

216 32 0
                                    

ဂျွန်ဂယူတစ်ယောက် အပြင်းအထန်ဒဏ်ရာရလိုက်ပေမယ့် အသက်အန္တရာယ်ကနေလွတ်မြောက်ခဲ့တယ်...
မျက်လုံးပွင့်လာတဲ့အချိန် ဘေးမှာသူ့မေမေ ရောက်နေခဲ့တယ်...

"သား..သားလေး..သတိရလာပြီလား
မေမေ့ကိုရော မှတ်..မှတ်မိလား"

ဂျွန်ဂယူ ခေါင်းသာငြိမ့်ပြလိုက်မိတယ်...
သူ့မှတ်ဉာဏ်တွေ အကောင်းတိုင်းရှိနေသေးတာပဲ...

"တော်သေးတာပေါ့ သားလေးရယ်...
သားသတိမေ့နေတာ တစ်ပတ်တိတိရှိသွားပြီ သိလား"

ဟင်...ဒီလောက်တောင်ကြာသွားတာလား...

"ပြီးတော့ သားကို နှလုံးအစားထိုးခွဲစိတ်မှုလုပ်လိုက်ရသေးတယ်"

"နှလုံးအစားထိုးခွဲစိတ်မှု?! ဘယ်လိုဖြစ်ပြီးတော့လဲ"

ဂျွန်ဂယူအကြီးအကျယ်အံ့သြပြီး အမေဖြစ်သူကိုမေးလိုက်မိတယ်...
သူကားနဲ့တိုက်မိရုံလေးနဲ့ တစ်ပတ်လောက်သတိမေ့ပြီး ကြားထဲမှာနှလုံးအစားထိုးမှုပါလုပ်လိုက်ရသေးတယ်တဲ့လား...

"ဟုတ်တယ် သားလေး...
ဒါပေမယ့် ကံကောင်းစွာနဲ့ မေမေတို့တွေ အလှူရှင်ချက်ချင်းရှာတွေ့ခဲ့တယ်လေ
အလှူရှင်ရဲ့မိသားစုတွေကို ကျေးဇူးတင်ကြောင်း ပြောချင်ပေမယ့် သူတို့က အမည်မဖော်လိုဘူးလို့ပြောတာနဲ့ပဲ လက်လျှော့လိုက်ရတယ်"

ကျေးဇူးရှင်ကို ကျေးဇူးဆပ်ခွင့်တောင်မရတဲ့အတွက် စိတ်မကောင်းဖြစ်မိသလိုမျက်နှာမျိုးနဲ့ အမေဖြစ်သူကဆိုတယ်...

ဒါဆို အခုသူ့ရင်ဘတ်ထဲက နှလုံးက သူ့ရဲ့အသက်ကယ်ကျေးဇူးရှင်ပေါ့...
အလှူရှင်က ဘယ်သူလဲဆိုတာ သိခွင့်မရပေမယ့်
တစ်သက်လုံး အမှတ်ရနေမှာပါ...

"မေမေ..သားအတွက် အိမ်ပြန်ပြီး အဝတ်အစားတွေသွားယူလိုက်ဦးမယ်
နောက်ထပ် ၃..၄ရက်လောက်နေရင် ဆေးရုံဆင်းလို့ရပြီဆိုတော့"

"သြော်..အွန်း မေမေ"

ပြောပြီးတာနဲ့ အခန်းထဲက ထွက်သွားသောအမေဖြစ်သူကို လက်လှမ်းပြလိုက်ပြီး အိပ်ရာပေါ်ပြန်လှဲနေလိုက်တယ်...
သိပ်မကြာခင်မှာပဲ အခန်းတံခါးခေါက်သံကြောင့် ဘယ်သူများပါလိမ့်ဟုဆိုကာ 'ဝင်ခဲ့ပါ' လို့အသံပေးလိုက်တော့
တံခါးပေါက်ကနေ လှမ်းဝင်လာတဲ့ ခြေလှမ်းတစ်စုံ..
ဒေါက်ဖိနပ်သံတဂွပ်ဂွပ်နဲ့အတူ ဂျွန်ဂယူရဲ့အနား တိုးကပ်လို့လာသည့် မိန်းမငယ်လေး...

Thank you • HaruKyuWhere stories live. Discover now