Unicode
အခန်း(30) - ဒရာမာအများကြီးမပါတဲ့အခန်း
အချစ်က သန်မာလာတဲ့အခါမှာ ၎င်းက ဆီထဲ ကျသွားတဲ့ ရေစက်လိုပဲ။ ဓားတစ်ချောင်းက ဝိုင်ယာကြိုးကို ဖြတ်တောက်သွားသလိုမျိုး : အသက်ရှုသံတိုင်း ပြင်းပြတဲ့ ဆန္ဒတွေနဲ့ ပြည့်နှက်နေတယ်။ သို့ပေမယ့်လည်း စွန်းကျီနန်ရဲ့ ခန္တာကိုယ် အခြေအနေကို ထည့်သွင်းစဉ်းစားပြီး နှစ်ယောက်သားက ရင်းနှီးကျွမ်းဝင်လွန်းတဲ့ အဆင့်ထိလောက်ပဲ သွားပြီး လွန်လွန်ကဲကဲ မလုပ်ရဲကြဘူးလေ။
အဲ့ဒီလိုဆိုရင်တောင် ပါမောက္ခထန်းက စွန်းကျီနန်နားမှာ ဝိညာဉ်ပျောက်နေသလိုမျိုး နှစ်နာရီလောက် ဝဲလည်နေရင်းနဲ့ ခြင်ဆီက အရိုးမှာ တွယ်ကပ်နေတယ် ဆိုတာရဲ့ အဓိပ္ပါယ်ကို နားလည်ဖို့ လေ့လာနေလေရဲ့။
နောက်တစ်နေ့မှာ စွန်းကျီနန်က လေယာဉ်ချိန်ကို ထန်းခိုင်နဲ့တူအောင် ပြောင်းလိုက်ပြီး S City သို့ ပြန်သွားကြလေသည်။
သူသည် အကြောင်းပြချက်မရှိဘဲ သုံးရက်ကြာ ထွက်ပြေးခဲ့ခြင်း ဖြစ်တာကြောင့် ကုမ္ပဏီ၏ ဝန်ထုပ်ဝန်ပိုးအားလုံးသည် ဝမ့်ကုံပေါ်သို့ အကုန်ပုံကျသည်။ ဒုဥက္ကဌဝမ့်ကတော့ ရူးသွပ်သွားရလေသည်။ သူက နေ့တိုင်း သူ့ကိုကူညီဖို့ ရောက်လာတဲ့ ယွီလျှောင်အပေါ်သို့ ဒေါသများ ပုံချတော့သည်။
သနားစရာ ကလေးငယ်လေးမှာ မျက်ရည်ကျသည်အထိ အမောင်းခံနေရသည်။ စွန်းကျီနန် အလုပ်ပြန်တက်တဲ့အခါမှာတော့ ယွီလျှောင်၏ မျက်လုံးများက နောက်ဆုံးမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ကယ်တင်ခံခဲ့ရသော ဒုက္ခသည်တစ်ဦးလို ဖြစ်နေသည်။ သူက အနားကိုပြေးလာပြီး သူ့ပေါင်ကို ဖက်တွယ်ကာ ငိုတော့၏။
"အဖေရေ, သူကျွန်တော့ကို အနိုင်ကျင့်တယ်"
" ရှောင်းယွီ, မင်းအတွက် ခက်ခဲခဲ့မှာပဲ" စွန်းကျီနန်က ပြောသည်။
"သွား, သွား ဝမ့်ကုံကို ငါ့ရုံးခန်းဆီ လွှတ်လိုက်"
နောက်ထပ် သတိပေးချက် တစ်ခု ထုတ်ပြန်ပြီးနောက်မှာ နာရီဝက်အကြာတွင် အလုပ်သမားဌာနမှလွဲ၍ ဌာနဆိုင်ရာ အကြီးအကဲများအားလုံး အစည်းအဝေးခန်းတွင် တွေ့ဆုံရန် ကြေညာခဲ့လေသည်။ ခဏအကြာမှာ ဝမ့်ကုံက တံခါးခေါက်ပြီး ဝင်လာ၏။
YOU ARE READING
(Completed) Fight the Landlord, Fall in Love
RomanceFight The Landlord ကြောင့် ဖြစ်ပေါ်လာတဲ့ အချစ်ဇာတ်လမ်း တစ်ပုဒ် တစ်ယောက်နဲ့တစ်ယောက် အထင်သေးကြတဲ့ အကြီးဆုံးသခင်လေးနှစ်ယောက်က blind date တွေ့ဖို့ အတင်းအကြပ်ခိုင်းစေခြင်း ခံကြရတဲ့အခါ နှစ်ယောက်တွေ့မှ သူတို့အချင်းချင်းက လွန်ခဲ့တဲ့ နှစ်ရက်တုန်းက Fight The...