𝓼𝔀𝓮𝓮𝓽

115 20 10
                                    

𝓜𝓲𝓒𝓱𝓪𝓮𝓷𝓰

"​ဟေ့ မင်းက ဒီကို​ရောက်​​နေနှင့်ပြီး
ကြယ်​တွေ​​​ခေါက်​နေပြန်ပြီလား"

အသံကို ကြားလိုက်သည်နှင့် ကျွန်မ
အသံပိုင်ရှင်က ဘယ်သူလည်းဆိုတာကို
သိသွားသည်။

စီနီယာ..

"စီနီယာက​ရော ဒီကိုဘာလို့​
ရောက်​လာပြန်တာတဲ့လည်း"

"မသိဘူး ဒီအတိုင်းပျင်းလို့"

"ဒီအတိုင်းပျင်းလို့ စီနီယာက​ရော အခုထိုးလက်စ
သိုး​မွှေးဦးထုပ်ကြီးကို ထိုး​နေပြန်တာလား"

"မင်းမှန်တယ်"

ကျွန်မတို့ကြားထဲက ကြားခံနယ်သစ်ပင်အကြီးကြီးကို​ ဂရုမစိုက်စွာနဲ့ပဲ ကျွန်မတို့နှစ်​ယောက် တစ်​ယောက်ကို တစ်​ယောက် ​မေးတမ်းဖြေတမ်းလုပ်နေကြသည်။

" ဒီ​နေ့.... "

စီနီယာက ​သူ့ရဲ့ပုံစံအတိုင်း​လေးသံတိုးတိုး​လေးဖြင့်ဒီ​နေ့ ဘာဖြစ်ခဲ့တယ်ဆိုတာကို ​​ရှေ့​နေ့​​တွေတုန်းကအတိုင်း ပြောပြ​တော့မှာကို ကျွန်မ သိလိုက်မိ​တော့ ​ပြုံးလိုက်မိ​သေးသည်။

" မဟုတ်​သေးဘူး ချန်း မင်း​တွေးကြည့်.. "

ပြီး​တော့ ထုံးစံအတိုင်း သူ့ရဲ့အတန်း​ဖော်​တွေက ဘယ်လို၊​ကျောင်း​ကောင်စီရုံးထဲမှာ ဘယ်လိုဖြစ်ခဲ့တာ..ဆရာက ဘယ်လိုမျိုး ခါတိုင်းထက်ပိုပြီး ​လေ့ကျင့်ခိုင်းတာ ဘာညာ..​ကို မ​​​ကျေမနပ်သံနဲ့ ​တိုင်ပြောလာပြန်တဲ့သူရယ်ပါ။

တစ်ဆက်တည်း ကျွန်မ မြင်​ယောင်ကြည့်မိလိုက်တာဟာ နှုတ်ခမ်းကို စူထားပြီး မ​ကျေမနပ်တာ​တွေကို အ​မေ့ကို တိုင်ပြောနေသည့် ပင်ဂွင်း​​လေးတစ်​​ကောင်..။

ကိုယ့်အ​တွေးနဲ့ကိုယ် ရယ်မိသွားတုန်းမှာပဲ
​ဘေးနား လူရိပ်တစ်ရိပ်ကျလာခဲ့သည်။
ကျွန်မ ​မော့ကြည့်မိလိုက်​တော့ ​ချွေး​စို​နေတဲ့
မျက်နှာပြင်နဲ့ သွားဖုံး​လေး​ပေါ်တဲ့အထိ ပြုံးပြ​နေတဲ့သူ။

" တစ်​ယောက်တည်း
ဘာ​တွေရယ်​နေတာလည်း "

"​​မောလိုက်တာ"

☁️Donde viven las historias. Descúbrelo ahora