Unicode
" ကျွန်မသာ ရှင့်ဆီ ပြန်လာချင်ရင်ရော ... ငြင်းမှာလား ဂျီဆူး "
" ယုံကြည်မှုကို ဖျက်စီးခံလိုက်ရတာမျိုး ခံစားဖူးလား ဂျဲန်းနီ "
" ဟင့်အင်း "
" ဒါကြောင့်လည်း ဂျဲန်းနီကိုယ်တိုင် ယုံကြည်မှုကို ဖျက်စီးနိုင်ခဲ့တာ ။ ကျွန်မကလေ သိပ်တစ်ကိုယ်ကောင်းဆန်တဲ့လူ ။ ကျွန်မ အလျော့ပေးပြီး ချစ်ခဲ့ ၊ ယုံကြည်ခဲ့တာ ဂျဲန်းနီတစ်ယောက်ပဲရှိတယ် ။ ဒီကြားထဲကမှ ရအောင်ကို ဖျက်စီးသွားသေးတယ်ကွယ် "
" ဒါပေမယ့် ကျွန်မ အဲ့အချိန်တုန်းက ချယ်ယောင်းကို ချစ်မိသွားခဲ့တာ "
" သိပါတယ် ။ ချစ်လို့ပဲ ကျွန်မကို ထားခဲ့တာလေ အခုရော ချယ်ယောင်းကို ချစ်သေးလား "
" သေချာမသိဘူး ဂျီဆူး "
" တစ်ခုလောက်တော့ ပြောပါရစေ ဂျဲန်းနီ။ ရှင့်လုပ်ရပ်တွေ သိပ်မှားနေတယ် ။ အနားကလူတွေကို ထပ်နာရအောင် မလုပ်ပါနဲ့တော့ "
ကျွန်မကို ခပ်တွေတွေငေးကြည့်နေသော ဂျဲန်းနီအား ကျောခိုင်းခဲ့လိုက်သည်။ ရင်ဘတ်ထဲမှ ဆိုးဝါးလှသော နာကျင်မှုဟာ မျက်ရည်အဖြစ် အေးစက်သော ပါးပြင်ပေါ်မှ တစ်လှိမ့်လှိမ့် စီးဆင်းသွားသည်။ သေမတတ်နာကျင်ခဲ့ရသည့် နေ့ရက်တိုင်းက သူမရှေ့ ရောက်သည့်အခါ ဟာသဆန်သွားတတ်သည်။ ဒါဟာလည်း ကျွန်မ မုန်းမိသည့် အချက်များထဲမှ တစ်ခု။ ဂျဲန်းနီဟာ သူတစ်ပါး၏ ခံစားချက်ကို ထည့်တွေးပေးသည့်လူမျိုးမဟုတ်ပေ ။
. .
“ မာနိုဘန် … ဘယ်တွေရောက်နေခဲ့တာလဲ ”
“ သူငယ်ချင်း တစ်ယောက် အကူအညီတောင်းလို့ ခရီးသွားနေရတာ ”
“ ဪ .. ”
“ ဂျဲန်းနီ ရောက်နေတာ ကြာပြီလား .. ဂျီဆူး နေနိုင်လိုက်ပုံများနော် ဖုန်းလေးတစ်ချက်တောင် ဆက်ဖော်မရ ”
" အဲ့လိုတော့လည်း မဟုတ်ပါဘူး မာနိုဘန်ရယ် "
" ဂျဲန်းနီနဲ့ ချယ်ယောင်းက ဘယ်လိုဖြစ်ကြတာလဲ "
![](https://img.wattpad.com/cover/306245678-288-k682448.jpg)
YOU ARE READING
'' Happier ''
Fanfiction" ချစ်ခြင်းမေတ္တာဟူသည် လူတစ်ယောက်ကို သေစေနိုင်သလို ထိုချစ်ခြင်းမေတ္တာကပင် လူတစ်ယောက်ကို ဆက်လက်ရှင်သန်စေနိုင်ပေသည် ။ "