: 2

425 58 6
                                    

[ This is just a fanfiction. So , don't take it seriously. ]





လက်ထဲမှာ ရှိနေတဲ့ တူက တခြားလူ၏ လက်ထဲသို့ ရောက်သွားသည်အထိ သူ့အာရုံတွေက ပျံ့လွင့်လို့ ကောင်းတုန်းဖြစ်မည်ထင်။ ပခုံးတစ်ဖက်က လှုပ်ခတ်ခံလိုက်ရခြင်းကြောင့် သူ့မျက်လုံးအစုံက ဘေးဘက်သို့ ပြန်ရောက်လာ၏။

" ဒီကို ခေါ်လိုက်ရမလား ? "

" ဘယ်သူ့ကိုလဲ ? "

သူ့ပခုံးကို လှုပ်ပြီးနောက် ပြောလာသည့် ဟာရူတို့စကားကို ဂျောင်ဝူး နားမလည်။ ဘာကို ခေါ်ရမှာလဲ။ ဘယ်သူ့ကိုလဲ။

" အစ်ကိုဂျယ်ဟျော့ကိုလေ "

" ဘာလို့ ခေါ်မှာလဲ ? "

ဟာရူတို့လက်ထဲက သူ့တူကို ပြန်ယူရင်း ဂျောင်ဝူးက နှုတ်ခမ်းမဲ့ကာ ဆိုသည်။ ဘယ်တုန်းကများ အဲ့လူနဲ့ ထမင်းတူတူ စားချင်တယ်လို့ ပြောမိလို့လဲ။ မခေါ်ဘဲ လာထိုင်နေလျှင်တောင် မောင်းထုတ်ရတာ အမော။

သို့သော်လည်း ဂျယ်ဟျော့ဆိုသည့် နာမည်ကြားတာနဲ့ အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားတဲ့ မျက်လုံးတွေ​ကို ဟာရူတိုက သတိထားမိတော့ ကာယကံရှင် မရိပ်မိအောင် ခပ်ဟဟ ရယ်သည်။ သို့သော်လည်း လျင်လှသည့် ဂျောင်ဝူးက သူ့သူငယ်ချင်းဖြစ်သူ ကြိတ်ရယ်နေတာကို မြင်ဖြစ်အောင် မြင်လိုက်တာမို့ နှာခေါင်းရှုံ့၏။

" မင်းပဲ တစ်ချိန်လုံး မျက်လုံးကြီး ကျွတ်ထွက်မတတ် စောင့်ကြည့်နေပြီးတော့။ မျက်မှောင်ကြီးလည်း ကြုတ်ပြီး။ လူမိုက်လိုလို ဘာလိုလိုနဲ့ "

တဆိတ် ! သူကလေ သူက မျက်လုံးကျွတ်ထွက်မတတ် ကြည့်နေတယ်တဲ့လား။ ဟာရူတိုက မဟုတ်တာတွေ ပြောလွန်းသည်ဟု လက်မခံချင်သူက စွတ်တွေးပစ်သည်။

" မဟုတ်တာတွေ မပြောစမ်းနဲ့ ဝါတာနာဘယ်လ် ဟာရူတို။ ငါက ဘာ​လို့ အဲ့လူကို ကြည့်ရမှာလဲ ? "

" အဲ့မေးခွန်းကို မင်းကိုယ်မင်း ပြန်မေးလေ ပတ်ခ်ဂျောင်ဝူး။ မင်းကိုယ်မင်းပဲ သိမှာပေါ့ "

ဒီအပြောကို ဂျောင်ဝူး အလိုမကျပါ။ ဘာအကြောင်းကြောင့် သူ့ကိုယ်သူ ပြန်မေးရမှာလဲ။ သူ့ကိုယ်သူကရော ဘာကို သိရမှာလဲ။ စိတ်ရှုပ်စရာကောင်းအောင်။

sour & sweet, sweet but sour Where stories live. Discover now