: 4

667 59 13
                                    

[ This is just a fanfiction. So , don't take it seriously. ]





" ဟို ... "

လက်ကို ခပ်မြန်မြန် ရုတ်လိုက်တော့ အကြည့်စူးစူးတို့က ချက်ချင်း ရောက်ချလာတာမို့ ဂျယ်ဟျော့ဇက်ကလေး ပုသွားပြီး ပြောမည့်စကားတောင် ဆက်မပြောနိုင်။ တကယ်ပဲ ... သူ့ထက် နှစ်နှစ်တောင် ငယ်တဲ့ ကလေးကို ပြန်ကြောက်နေရတာကတော့ မဟုတ်သေးဘူးမလား။

သူ့ဘက်က ရုတ်လိုက်တဲ့ လက်ကို စေ့စေ့ကြည့်ရင်း ကြောက်စရာကောင်းလောက်အောင် တည်တံ့နေတဲ့ မျက်နှာအနေအထားနဲ့ တဖန် ပြန်ကိုင်လာသည်။ ဒီတစ်ခါတော့ ယွန်းဂျယ်ဟျော့တို့ မငြင်းဆန်ရဲ။

" ဒီနေ့ကစပြီး အစ်ကို့လက်ကို ကျွန်တော်တစ်ယောက်ပဲ ကိုင်မယ် "

ရုန်းကန်ခြင်း မရှိပေမဲ့လည်း ရုန်းကန်ဖို့ မတွေးမိအောင်အထိ သူ့လက်တစ်ဖက်ဟာ တစ်ဖက်ကောင်လေး၏ လက်ထဲ၌ ခပ်တင်းတင်း ဆုပ်ကိုင်ထားခံရသည်။ မနေတတ်စွာဖြင့် မျက်လုံးကို ဟိုကြည့်ဒီကြည့် လုပ်နေမိတုန်း ကျစ်ခနဲ စုတ်သပ်သံက ပီပီသသ ထွက်ပေါ်လာ၏။ မခို့တရို့လေး စောင်းငဲ့ကြည့်လိုက်မိတော့ အလိုမကျစွာဖြင့် မျက်ခုံးထူထူတွေအား စုထားပြန်သည်။

" ကျွန်တော့်ကိုပဲ ကြည့်လို့ ဘယ်နှခါ ပြောရမလဲ "

" မဟုတ်ပါဘူး။ ကိုယ်က ဒီအတိုင်း တခြားသူတွေ ... "

" အဲ့တခြားသူတွေက ကျွန်တော့်ထက် အရေးကြီးလား "

မျက်နှာလေး ငုံ့ပြီးနောက် ခေါင်းကို ဖြည်းဖြည်းချင်း ခါရမ်းပြလိုက်တော့မှ ရယ်သံသော့သော့က ဖွဖွလေး ထွက်လာသည်။ ယောင်အစွာဖြင့် မော့ကြည့်မိတော့ သူ့ကို စူးစိုက်ကာ ကြည့်နေတဲ့ မျက်ဝန်းနက်တွေ။ အရင်လို ကြမ်းတမ်းနေတဲ့ အရိပ်အယောင်တွေကို မတွေ့ရတော့ဘဲ နူးညံ့နေသည်။ သူကပဲ ထင်ယောင်ထင်မှား ဖြစ်နေတာလား။ ဒါမှမဟုတ် အစစ်အမှန်လား။ ဘယ်လိုပဲ ဖြစ်နေပါစေ။ ရူးရသူကတော့ သူကိုယ်တိုင်ပေါ့။ ပြုစားနေလိုက်ပါတော့ ပတ်ခ်ဂျောင်ဝူး။ ရုန်းထွက်နိုင်စွမ်း မရှိအောင်အထိ ပြုစားပြီး အပိုင်သိမ်းလိုက်ပါတော့။

" ကျွန်တော့်ကိုပဲ ကြည့်။ ကျွန်တော့်အကြောင်းကိုပဲ တွေး။ ကျွန်တော်ပြောသမျှပဲ ဒီခေါင်းသေးသေးလေးထဲထည့်။ အူကြောင်ကြောင် မလုပ်နဲ့ "

sour & sweet, sweet but sour Where stories live. Discover now