Part 5

5 1 0
                                    

"အား......ဂျီမင်း......!!!!!"

အိပ်ယာဝင်ခါနီးမှ အောက်ထပ်ရှိ ဂျောင်ကုအခန်းက စူးစူးဝါးဝါးအော်သံကို ကြားမိ၍ ဂျီမင်း အမြန်ပြေးဆင်းခဲ့သည်... လှေကားတွေ ဘယ်လို ကျော်ခွခဲ့မှန်း သူမသိတော့...

"ဘာဖြစ်တာလဲ .... ဂျောင်ကု.... ဂျောင်ကုရေ... တံခါးဖွင့်စမ်း... ဒုန်း..ဒုန်း..."

အခန်းတွင်း ဝုန်းဒိုင်းကြဲနေသည့်အသံသာ ကြားရပြီး တံခါးပိတ်ထားသောကြောင့် တံခါးကို တဒုန်းဒုန်းထုရင်း သူစိတ်ပူလာခဲ့သည်..

"ဂျောင်ကု ... ငါ့အသံကြားလား ငါရှ်ိတယ်နော် ... တံခါးဖွင့်ပေး"

"အင်း........"

အခန်းထဲမှ ထူးသံသည် တခုခု နာကျင်ထားသော အသံမို့ ဂျီမင်း ပို၍စိတ်ပူမိသွားသည်

"ကျွီ...."

တံခါးဖွင့်သံနှင့်အတူ ချွေးတဒီးဒီးကျ၍ ဖြူရော်နေသော မျက်နှာဖြင့် ရင်ဘတ်ကို ဖိထားသူကို တွေ့လိုက်ရသည့်အချိန် ဂျီမင်း ဘာလုပ်ရမှန်း မစဥ်းစားတတ်ဖြစ်သွားရသည်...

"ဂျောင်ကု... ဘာဖြစ်တာလဲ ဟျောင်းကိုပြော... လာ..လာ အခု ကုတင်ပေါ်မှာ ခဏလှဲနေ ... ဆရာဝန်ခေါ်လို့ရနိုင်မလား မသိဘူး .. ဖုန်းဆက်ကြည့်လိုက်ဦးမယ်... ရော့ ... ရေလေးသောက် ခဏနား"

ပြာပြာယာယာဖြင့် ကုတင်ဘေးတွင်ရှိသော စားပွဲပေါ်မှ ရေကရားယူ၍ ရေတစ်ခွက်ထည့်ကာ ဖြေးဖြေးချင်း တိုက်ရသည်...

"ခဏလေးနော်... ဆရာဝန်ခေါ်ပေးမယ်"

"ဟင့်အင်း... မခေါ်ပါနဲ့"

အပြင်ထွက်ဖို့ မတ်တပ်ထရပ်မှ လက်ကိုဆွဲ၍ ပြောလာသူကြောင့် ဂျီမင်း ကြောင်တောာင်ဖြစ်သွားသည်

"မခေါ်လို့မရဘူးလေ ကလေးဆိုးရေ... ဟျောင်းလည်း မကုတတ်ဘူး... ဘာဖြစ်မှန်း မသိတော့ ထပ်ဖြစ်ရင် ဘယ်လိုလုပ်မလဲ... လိမ္မာတယ်နော်... ခဏလေးပါ ဖုန်းဆက်ပြီး ပြန်လာမယ်"

ဆွဲထားသော လက်လေးကိုဖြုတ်၍ သွားရန်ပြင်တော့ တိတ်တဆိတ်ထွက်လာသော အသံမှာ..

"မသွားပါနဲ့...အနားကနေ မသွားပါနဲ့.."

လှည့်ကြည့်မိတော့ မျက်ရည်တွေဝဲ၍ ကြည့်နေသူကြောင့် လျစ်လျူမရှု့နိုင်တော့သည်က ဂျီမင်း

ကြယ်ကလေးWhere stories live. Discover now