Part 6

49 1 0
                                    

"ဒီ...ဒီ...."

ရုံးခန်းမှာ လိုအပ်တဲ့ ပစ္စည်းစာရင်းတွေ စစ်ဆေးပေးရင်း ဖုန်း vibrate ​သံကြောင့် ကြည့်မိတော့ "ဒယ်ဒီ" ဟူ၍ ပေါ်နေသည်... တစ်ချက်ပြုံးလ်ိုက်ပြီး ဖုန်းကိုင်လိုက်တော့

"သား... နေကောင်းရဲ့လား"

"ဟုတ်ကဲ့ ကောင်းပါတယ်.. ဒယ်ဒီရော အစစအရာရာ အဆင်ပြေတယ်မဟုတ်လား"

"အင်း ဒီလိုပါပဲ....."

ဒယ်ဒီ့အသံကို သူ သိပ်ပြီး သဘောမကျပေ တစ်ခုခုများ ဖြစ်နေလားဟူသော အတွေးက စိတ်မသက်သာစေပါ
ဘယ်လိုပဲ နောက်အိမ်ထောင်ပြုပြု ဒီလောကမှာ သူ့အတွက် သွေးသားရင်းဆိုလို့ ဒယ်ဒီတယောက်ထဲ ရှိတော့တာမို့ လွယ်လွယ်တော့ အဆုံးရှုံးမခံနိုင်ပေ

"ဒါနဲ့... သား ဘယ်တော့ အိမ်ပြန်လာမှာလဲ"

ဒယ်ဒီ့အသံကြားမှအတွေးစတို့ ပြတ်တောက်သွားသည်

"ပြန်လာဖို့တော့ အစီစဥ်မရှိသေးဘူး ဒယ်ဒီ... ဒယ်ဒီလဲသိမှာပါ... ကျွန်တော် သူတို့နဲ့ မပက်သက်ချင်ဘူး.... ဒယ်ဒီစိတ်ချမ်းသာပါစေ ဆိုတဲ့ စိတ်နဲ့ အရာရာကို လက်ခံပေးထားခဲ့ပြီးပြီမို့ သားသဘောကိုလဲ လေးစားပေးပါ"

" ဒယ်ဒီလဲ အသက်ကြီးပြီ သားရယ်... Park group ကို အုပ်ချုပ်ဖို့ သားမှာ လုံလောက်တဲ့အရည်အချင်း ရှိနေပါပြီ... အိမ်ပြန်မလာရင်တောင် ကုမ္ပဏီမှာ အလုပ်ဝင်ဖို့အတွက် စဥ်းစားပေးပါလို့ ဒယ်ဒီတောင်းဆို ပါရစေ... Park group ကို သားလက်ထဲကလွဲပြီး ဘယ်သူ့မှ မပေးနိုင်ဘူးဆိုတာ သားသိထားပါ..."

"ဟုတ်ကဲ့ပါ ဒယ်ဒီ... နေကောင်းအောင်နေပါ....သား စဥ်းစားလိုက်ပါ့မယ်"

************************

"ကျွန်တော်တို့ ဒီနေ့ဘာချက်ကြမလဲ ဂျင်ဟျောင်း"

"ဂင်ချီကျီဂဲလေး လုပ်မလားလို့ စဥ်းစားနေတာ"

"ချက်ကြမယ်လေ ကျွန်တော်လဲ ဂျီမင်းကို ချက်ကျွေးချင်လို့"

"ဒါနဲ့... အရင်က ဒီအိမ်မှာ ဂျောင်ကုကို မမြင်ဖူးဘူးနော် ဘယ်ကနေဘယ်လို ရောက်လာတာလဲ ၂ယောက်သားက သူငယ်ချင်းတွေလား"

"ဟို... အဲ... အဲ့ဒါကလေ "

ဘယ်လိုပြန်ဖြေရမှန်း မသိဖြစ်နေသူကို ကြည့်ကာ ဂျင်ဟျောင်းမှ

You've reached the end of published parts.

⏰ Last updated: Nov 28, 2022 ⏰

Add this story to your Library to get notified about new parts!

ကြယ်ကလေးWhere stories live. Discover now