နှုတ်ခမ်းနှစ်ခု ထိဖို့သုံးစင်တီမီတာပဲလိုတော့ပါတယ် မျက်နှာနှစ်ခုကပ်နေလို့အသက်ရှူထုတ်လိုက်တဲ့လေငွေ့တွေမျက်နှာပေါ်ညင်ညင်သာသာလေးရိုက်ခတ်နေတဲ့အကွာအဝေး နှာခေါင်းတွေချင်းထိနေပါပီ သူမက မြက်ခငိးပေါ်မှာလှဲလျက် ကျတော်ကသူမပေါ်အုပ်မိုးနေတာလက်တဖက်ကို ကိုင်ထားရင်းပေါ့နီးကပ်လွန်းတာကြောင့် သူမဆီက Shampoo အနံ့မွှေးမွှေးလေးတောင် ရတယ်....
တစ်စက္ကန့်
နှစ်စက္ကန့်
သုံးစက္ကန့်
လေးစက္ကန့်
ငါးစက္ကန့်ကျတော် ရုတ်ချည်းခွာလိုက်ပီး ဟားတိုက်ရယ်လိုက်တယ်
သူမလည်းရုတ်တရက်ကြောင်နေပီး မြက်ခငိးပေါ်ကနေထထိုင်ရင်းကျတော့်ကို ကြည့်နေတာပေါ့
ကျတော်လည်းရယ်ရင်းကနေAutumn(အော်တန်):: " ဟား...ဒီလောက်လွယ်နေလို့မဖစ်ဖူး...မင်းသိလား...အခုငါ့နေရာမှာတခြားတယောက်သာဆို....အခု မင်းကိုအခွင့်ရေးယူလိုက်မှာ...ငါဖစ်နေလို့မင်းကံကောင်းတယ်မှတ်...ယောကျာ်းတွေကိုဘာများထင်နေလည်းမသိဖူး...တကယ်ပဲ....."
ပြောရင်းပင် ကျတော်ဆက်ပီး လှောင်သလိုမျက်နှာပေးမျိူးလုပ်နေမိနေသည်...
ဒါကိုသူမကျတော့်ကိုမျက်လုံးဝိုင်းများနှင့်ကြောင်တောင်တောင်ကျိရင်းမှ မျက်နှာကိုတခြား တဖက်လှည့်သွားသည်...သူမကိုယ်လုံးလေးတသိမ့်သိမ့်တုန်နေပီ......
သူမငိုသွားတာပဲ....
မျက်နှာကိုလက်ဖြင့်သုတ်ရငိး ကျတော်တို့ထိုင်နေတဲ့မြက်ခင်းပေါ်ကနေ ကုန်းထကာ ကျောင်းလွယ်အိတ်ကိုဆွဲပီး ပြေးသွားလေပီ...
သူမရဲ့ကျောင်းဝတ်စကတ်လေးက လေပေါ်ဝဲပျံနေလျက် ....ကျတော့်ရယ်ချင်စိတ်တွေပျောက်ရှသွားတယ်....သူမရဲ့အဝေးကိုပြေးနေတဲ့နောက်ကျောပြင်လေးကိုကျိရင်းကျိရင်း ဘာမှမကျန်တော့တဲ့ခံစားချက်ကြီး ....မသိစိတ်ထဲကနေတော့ ပြောနေမိတယ်...
"Please Julie (ဂျူလီ), don't leave me alone ....."
<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<
Don't forget to vote ✨
YOU ARE READING
Story of a sunflower
ActionNormal Story နေမင်းကြီး ကို မျှော်ကြည့်နေရတဲ့ နေကြာပန်းလေးရဲ့ အဖြစ်အပျက်... Warning : 🔞❗❗❗