'Autumn များလား....?'
Julie မျက်လုံးလေးတွေ အရောင်တောက်လာသည်....
'နောက်ကျောပြင်ကကျယ်ပီး အရပ်ရှည်နေတာ သူမဟုတ်လောက်ပါဖူး...ဒါမဲ့လမ်းလျှောက်တဲ့ ပုံကတော့ တူသလိုပဲ....ဟော်....အထက်တန်းဖစ်နေမှတော့ Autumn လည်းအရင်ထက်အရပ်ရှည်နေမှာပဲ.....ဟင်...ဘယ်ရောက်သွားတာလည်း....မတွေ့တော့ဖူး...
ဟင်း...ဒီလူတွေကြားထဲ Autumn နဲ့တူတဲ့ပုံရိပ်လေးပျောက်သွားပြန်ပီ...'
Julie တယောက်အခုလိုပင်သူကြိုက်တဲ့ကောင်လေးကို လိုက်ရှာနေတုန်းပင်....
အလယ်တန်းတုန်းကပေါ့ Julie ကြိုက်နေ တဲ့သဘောအရမ်းကောင်းတဲ့ကောင်လေးရှိတယ်..
သူ့နာမည်က Autumn Rayver လေ ....ဆံပင်အနက်မျက်လုံးအညိုရောင်နဲ့ကောင်လေး ဆွဲဆောင်မှုရှိတဲ့ထူးထူးခြားခြား ကောင်လေးမဟုတ်ပါဖူး.... သူကရိုးသားပီးကူညီတတ်တဲ့ကောင်လေး သူ့ရဲ့အပြုံးလေးကိုကြည့်လိုက်တာနဲ့ ရင်အေးပီး သူဘယ်လောက်စိတ်ထားကောင်းသလည်းကိုမျက်လုံးတွေက ဖော်ပြနေသလိုပဲ.... Julie သူနဲ့ကရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်လို့ပြောလို့ရတယ်... စာအတူလုပ်တယ် အိမ်အတူပြန်တယ် ကျောင်းတက်ရတဲ့ရက်တွေကိုကသူ့ကိုတွေ့ရမယ်ဆိုတဲ့အတွေးနဲ့ပျော်စရာကောင်းနေခဲ့တာပါ..
ပီးတော့ Julie သိတယ်...Julie သဘောကျနေသလိုမျိုး Autumn လည်း Julie ကိုသဘောကျတယ်ဆိုတာကို.....သူ့ရဲ့နက်နဲတဲ့အကျိတွေရော တခြားလူထက်julie ကိုဂရုစိုက်အရေးပေးတဲ့ပုံစံတွေက ပုံမှန်ထက်ပိုပါတယ် သူလည်းပြောခဲ့ဖူးပါတယ် Julie က သူ့အတွက်အရေးကြီးတဲ့လူပါဆိုပီး.....ဒါမဲ့ အလယ်တန်းပထမနှစ်ပီးထဲက Autumn မရှိတော့ဖူး ဒီနှစ်တွေ မှာ Julie တလျှောက်လုံး Autumn ကိုလိုက်ရှာနေခဲ့တယ် အိမ်အတူပြန်တဲ့လမ်းတွေမှာ Autumnရဲ့အိမ်နားမှာ စာလုပ်နေကျမုန့်ဆိုင်မှာ နေရာစုံပါပဲ Autumn မရှိဖူး.....အိမ်ပြောင်းသွားတယ်ဆိုတာထက်တခြားဘာမှပိုမသိရဖူး...
Julie တော့ရှာနေပါတယ် ကြာလေ သတိရလေပဲ တနေ့လေးမှမေ့မရတဲ့ထိတောင် ဖစ်လာခဲ့တယ်...ဒီလိုနဲ့ အထက်တန်းကျောင်းကို ရောက်လာခဲ့ပီလေ
Julie ရဲ့ရှာပုံတော်က မပြီးဆုံးသေးပါဖူး.....ထူးခြားတာ Autumn နဲ့တူတဲ့နောက်ကျောပြင်လေးကိုတွေ့တွေ့နေရတယ်....
YOU ARE READING
Story of a sunflower
ActionNormal Story နေမင်းကြီး ကို မျှော်ကြည့်နေရတဲ့ နေကြာပန်းလေးရဲ့ အဖြစ်အပျက်... Warning : 🔞❗❗❗