1

2.3K 203 39
                                    

Disclaimer : တခြား versionနဲ့ ရေးဖူး တင်ဖူးပြီးသား ficပါ ။ THIS IS NOT MINE.

Unicode

ဒေါသကြောင့်နီရဲပြီး ပူလောင်နေဆဲဖြစ်တဲ့မျက်နှာကို ရှင်းဂျိတ်ခ် လက်နှစ်ဖက်နဲ့သပ်ချလိုက်တယ်။

မနေ့ညက galaမှာ ဖြစ်ပျက်သွားတဲ့ကိစ္စရပ်ကြီးကို ပြန်စဉ်းစားလိုက်မိတော့ စိတ်ပျက်လွန်းလို့ လူတကိုယ်လုံးတောင် မြေကြီးထဲကျွံဝင်သွားသလိုပဲ။ သူ့ကို ဒီလိုတွေဖြစ်အောင်လုပ်ထားတဲ့ တရားခံလေးကတော့ ဧည့်ခန်းဆိုဖာပေါ်မှာ အေးဆေးထိုင်ရင်း legoအရုပ်တွေ ဆက်နေလေရဲ့။

"Ben! မင်းလွန်လွန်းတယ်မထင်ဘူးလား"

"ဘာကိုလဲ ကိုကို။ ကျွန်တော်က ကိုကို့အပိုင်ဆိုတာ ပြောခဲ့တဲ့အတွက်ကြောင့်လား"

ဆောင်းဟွန်းက အေးဆေးပြန်မေးပေမယ့် သူ့မှာ ရတက်မအေးနိုင်။ ဘယ်အေးနိုင်လိမ့်မလဲ။ ဒီလူဖြစ်ကာစ မြီးကောင်ပေါက်လေးက တမြို့လုံးတနိုင်ငံလုံးက millionaire၊ billionaireတွေစုံနေတဲ့ Park Family Galaလိုပွဲကြီးမျိုးမှာ ဘယ်လိုတွေတောင် အသံကောင်းဟစ်ပစ်ခဲ့တာလဲ။

သူ့နားကို ကောင်မလေးတစ်ယောက် ကပ်လာတာမြင်တာနဲ့လေ...
အဲကောင်မလေးက ရှင်းဂျိတ်ခ်ရဲ့ မြောက်များလှစွာသော ရည်းစားဟောင်းတွေထဲက တစ်ယောက်ဖြစ်နေတာကို သတိရသွားတာနဲ့လေ....

ဆောင်းဟွန်းက လက်ထဲမှာ ကိုင်ထားတဲ့ ရေတဝက်ထည့်ထားတဲ့ဖန်ခွက်ကို အသံမြည်အောင် ပစ်ခွဲပစ်ပြီး ဂျိတ်ခ်တို့ ရပ်နေတဲ့ဘက်ကို တည့်တည့်လျှောက်လာတာ။

ရုတ်ချည်းတိတ်ဆိတ်သွားတဲ့အခြေအနေမှာ ...
ဆောင်းဟွန်းအဖေ Billionaireသူဌေးကြီး Mr Parkလဲ စူးစူးစိုက်စိုက် ကြည့်နေတယ်။ အခြားဂုဏ်သရေရှိလူကြီးမင်းတွေလဲ အံ့ဩတကြီး ကြည့်နေတယ်။ ဂျိတ်ခ်လုပ်ဖော်ကိုင်ဖက်တွေကလဲ အခြေအနေကို စူးစမ်းနေကြတယ်။

ပွဲလာသမျှသက်ရှိအားလုံးရဲ့ အာရုံစူးစိုက်မှုကို ရနေတဲ့အချိန် ရှင်းဂျိတ်ခ်နားကပ်နေတဲ့ မိန်းကလေးကို တည့်တည့်ကြည့်ပြီး သူဌေးလေးBenjaminပြောလိုက်တာ တစ်ခွန်းထဲ။

"မင်းကိုမင်း သိပ်ဟုတ်လှပြီထင်နေလား။ မနေ့ညကထိ ငါပိုင်တဲ့ဟော်တယ်ရဲ့ အကောင်းဆုံးအခန်းမှာ သူနဲ့ငါ လူးလိမ့်နေခဲ့တာ"

Naabot mo na ang dulo ng mga na-publish na parte.

⏰ Huling update: Nov 28, 2022 ⏰

Idagdag ang kuwentong ito sa iyong Library para ma-notify tungkol sa mga bagong parte!

ISSUES | SUNGJAKETahanan ng mga kuwento. Tumuklas ngayon