အပိုင်း (၂)

959 90 11
                                    

တစ်ချိန်က မှတ်ဉာဏ်တွေဟာ ဦးနှောက်ထဲမှာ တအုံ့နွေးနွေး လှိုက်စားလာတဲ့အခါ ပစ္စုပ္ပန်ရဲ့ နှုတ်ခမ်းဖျားတွေဆီကနေ ထွက်ကျလာမယ့် စကားလုံးတိုင်းမှာ "အဲ့သည်နေ့ကပေါ့လေ" ဆိုတဲ့ ဥဒါန်းချီ စကားတစ်ခွန်းနဲ့ပဲ စကားဦးသန်းရတော့တာပါပဲ။

ဒါကြောင့်မို့  ၊ အင်း... အဲ့သည်နေ့ကပေါ့လေ။

🦋

ရထားပေါ်ကနေ အရင်ဆုံး ခြင်းနှစ်ခြင်းကို ခပ်သွက်သွက် ချရတယ် ။ ပြီးမှ မြေဩဇာအိတ်။

နောက်က ခရီးသည်တွေ မငြိုငြင်ခင် ဘူတာရုံထဲကို မြေဩဇာတစ်အိတ်နဲ့ ပျိုးပင်ခြင်း နှစ်ခြင်း အောင်မြင်စွာ ရောက်ရှိသွားတော့မှ ကျွန်တော်ကိုယ်တိုင်လည်း သက်မကို ခပ်တင်းတင်း ချရတော့တယ်။

နွေလယ်ရဲ့ နေဟာ စူးရှဖြာဝေနေတယ်။ အလင်းနဲ့ အပူက သတ္တကမ္ဘာအပေါ်မှာ လွန်လွန်ကဲကဲကို ကျရောက်နေတော့တာပဲ။ လူတစ်ကိုယ်လုံးဟာ နွေနေရဲ့ အပူရှိန်ကြောင့်နဲ့ တဖျင်းဖျင်းတောက် ပူလောင်နေတာ သွေးကြောတွေတောင် ပေါက်ထွက်လို့ ရကောင်းပါတယ် ။

ဘူတာရုံကနေဆို ရွာဆီကို ရောက်ဖို့ လှမ်းနေသေးတယ်။ ပုံမှန်ဆို ကိစ္စမရှိ ၊ နေပူပူ မိုးရွာရွာ ၊ သည်ခရီးနဲ့ သည်ခရီးကို ခြေလှမ်းခပ်သွက်သွက်နဲ့ ကျွန်တော် အပြေးသွားလိုက်ရင် အချိန်ရှိလှ စက္ကန့်ပေါင်း ၃၆၀၀ တောင် မကုန်ချင်ပါဘူး။

အခုတော့ မဖြစ်။ တာဝန်ယူလာပေးရတဲ့ ဝန်စည်စလယ်အချို့က ကျောထက်က အမည်းရောင် ကျောပိုးအိတ်ထဲမှာ လေးလေးနင့်နင့်။ နံဘေးမှာတော့ ကျွန်တော့်ဥယျာဉ်လေးအတွက် ရည်စူးလာတဲ့ အခုမှ ရှင်သန်ပေါက်ဖွားကာစ ပျိုးပင်စိမ်းစိမ်းငယ်ငယ်လေးတွေ။ ဒါတွေနှင့် သည်နေပူပူမှာ ကျွန်တော် ဘယ်လိုမှ ပြေးပြေးလွှားလွှား လုပ်ဖို့ရာ မဖြစ်နိုင်ဘူး မဟုတ်လား။

ဒါကြောင့်မို့ပဲ ရထားမဆိုက်ခင်ကတည်းက ဖုန်းကြိုဆက်ထားနှင့်သည့် အကူအညီပေးမည့်သူ အလာကိုသာ စိတ်ရှည်လက်ရှည် စောင့်နေရတာ ဖြစ်တယ်။

မကြာပါဘူး။ ခပ်လှမ်းလှမ်းကနေ တဂျီဂျီ အသံပေးပြီး လာနေတဲ့ နီကီရဲ့ ကားအိုလေးကို ကျွန်တော် မြင်လိုက်ရပြီ။ ပူစပ်ပူလောင် သည်နေရောင်အောက်ကနေ ကင်းလွတ်ခွင့် ရပြီ ဆိုတဲ့ အသိနဲ့ ရင်ထဲမှာ ဝမ်းသာမှုလေးက လှစ်ခနဲ။

You've reached the end of published parts.

⏰ Last updated: May 09, 2023 ⏰

Add this story to your Library to get notified about new parts!

I set him free for someone else [PSH x SJY] Where stories live. Discover now