အပိုင်း(၁)

1.7K 135 14
                                    

ငတုံးတစ်ကောင်ရဲ့ ပေါ့တီးပေါ့ဆ ညနေတစ်ခုမှာပေါ့ဗျာ ။

"ကိုယ့်ကို လိုချင်လား ဆောင်းဟွန်း" တဲ့ ။

ပန်းဝတ်ရည်တွေကို တစက်ချင်း စုပ်ယူသောက်သုံးထားသလို ရဲဖြာနေတဲ့ နှုတ်ခမ်းလွှာနှစ်ခု အကြားက ထွက်ကျလာတဲ့ အဲ့သည် စကားတစ်ခွန်းရဲ့ အတိမ်အနက်ကို နားမလည်တတ်ခဲ့ပါဘူး။

ဟင့်အင်း ။ ကျွန်တော်က နားလည်ဖို့တောင် မကြိုးစားနိုင်ခဲ့ဘူး ။ သူနဲ့ ပက်သတ်လာတိုင်း ကျွန်တော့်တွေးခေါ်နိုင်စွမ်း အတော်များများဟာ အနုတ်သုညဒီဂရီရဲ့ အောက်ခြေစုံးစုံးမှာ အေးခဲပစ်လိုက်ဖို့ ဟန်တပြင်ပြင် ရှိနေခဲ့တာ သိပ်ကို ကြာပါပြီ။

တကယ်လို့များ
အဲ့သည် ညနေဟာ သူနဲ့ ကျွန်တော့်ကြားက
အခိုက်အတန့်များစွာကို ဝါးမျိုပစ်မယ့် အဆုံးသတ်ညနေတစ်ခုဆိုတာ ကြိုသိနိုင်ခဲ့ရင် ။

အညိုရောင်ရှပ်အင်္ကျီရဲ့ ကြယ်သီးတွေကို တစ်လုံးချင်း ဖြုတ်ချနေခဲ့တဲ့ သူ့လက်ချောင်းသွယ်သွယ်တွေကို တင်းတင်း ဆုပ်ကိုင်ပြီး ခါးခါးသီးသီး တားမြစ်ခဲ့မိလောက်မယ်မလား။

သို့သော်ငြားလည်း ကိုယ့်ရဲ့ ကံကြီးကံငယ် အဖြာဖြာကို ဘယ်သူကများ ကြိုတင်သိမြင်နိုင်စွမ်း ရှိပါလိမ့်မလဲ။

ဒါကြောင့်မို့ပဲပေါ့ ။
ပေါ့တီးပေါ့ဆ ညနေတစ်ခုရဲ့ ခပ်တုံးတုံး လူအတစ်ယောက်အဖြစ်နဲ့ ကျွန်တော်က ကြိုမမြင်နိုင်ခဲ့တဲ့ ကံကြမ္မာရဲ့ သရော်လှောင်ပြောင်ခြင်းကို ပျော်ပျော်ကြီး ခံယူရင်း

အညိုရောင် ရှပ်အင်္ကျီပေါ်မှာ ခိုကပ်အနားယူနေတဲ့ ကြယ်သီးတွေနဲ့ နှင်းဆီရောင် လက်ချောင်းတို့ရဲ့ တွေ့ဆုံမှုကိုမှ ပြင်းပြင်းရှရှ ငေးမောနေခဲ့မိတာ တဆတ်ဆတ်တုန်ယင်နေတဲ့ နှလုံးသားတစ်ခုလုံးတောင် အပြင်ကို ခုန်ထွက်လုမတတ် ဖြစ်ခဲ့ရသေးတယ်။

တကျော့ပြန် တွေးကြည့်မိလိုက်တိုင်း မှန်တစ်ချပ်ထောင်ထားသလို ရှင်းလင်းမြင်သာနေမယ့် မှတ်ဉာဏ်တွေထဲမှာ ကျွန်တော်ကိုယ်တိုင် ကြိုးကိုင်နိုင်စွမ်းမရှိတဲ့ ကျွန်တော့်ရဲ့ပုံရိပ်တွေဟာ တဖျပ်ဖျပ် "လက်" နေလိမ့်မယ်။ သိပ်ကို အားနည်းစွာနဲ့ တုန်ရီပြိုးပျက်နေလိမ့်မယ်လို့လည်း ထင်တယ် ။

I set him free for someone else [PSH x SJY] Where stories live. Discover now