သည်းကျန့်ရဲ့ အယ်လ်ဖာကိုကို ပထမပိုင်း

4.4K 252 106
                                    


UNICODE

Wang House

ရွှေရောင် အပြင်ဆင်များနှင့်နန်းတော်သဖွယ် ခမ်းနားသော အိမ်ကြီး၏ ဧည့်ခန်းတွင် လူနှစ်ဦး မျက်နှာချင်းဆိုင် ထိုင်နေသည်။

စားပွဲအလည်တည့်တည့်၌ ဂုဏ်ကျက်သရေ ဟိတ်ဟန်ရှိသည့် အသက် ၇၀ ကျော် အမျိုးသား တစ်ဦးထံမှ ဦးစွာ စကားထွက်လာသည်။

" ငါပြောတာသေချာနားထောင် အားပေါ် ယဲ့ရှင်း နဲ့မင်း လက်ထပ်ထားတာ သုံးနှစ်ကျော်ပြီ..အခုထိ ကလေးမရသေးဘူး ငါတို့မိသားစုက မျိုးဆက်ပြတ်တော့မှာလား မျိုးဆက်ကို Alpha တစ်ယောက်ဖြစ်တဲ့ မင်းက ထိန်းသိမ်း နိုင်ရမှာ အခုတော့ကွာ ...

ဒါနောက်ဆုံး သတိပေးခြင်းပဲ တစ်နှစ်အတွင်း ခလေးရအောင်လုပ် ။ ငါမျိုးဆက်အပြတ်မခံနိုင်ဘူး ။ သွေးသားရင်းပါစေ အားပေါ်

အားပေါ်ကို ဖိအားမပေးချင်ပေမဲ့ဖိုးဖိုး ပြောသလို မလုပ်ရင် အားပေါ် ကိုပေးထားတဲ့ ဖိုးဖိုး အမွေနဲ့ ကုမ္မဏီကို အားပေါ်ကို လွှဲပြောင်းထားတာ ဖျက်သိမ်းရမည် "

" ဖိုးဖိုး ....အလိုလုပ်လုပ်ရင် ကုမဏီ ကို မှီခိုနေတဲ့ မိသားစုတွေအတွက် ရော မစဥ်းစားတော့ဘူးလား "

" ဒါအဖိုးရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ပဲ အထွဋ်တက်ဖို့ စဥ်းစား မနေနဲ့ ငါပြောသလိုမလုပ်ရင်တစ်နှစ်အတွင်း မင်းကုမ္မဏီ ဒေဝါလီခံရလိမ့်မည် "

စိတ်ပျက်စွာနဲ့ပဲ အဖိုးအိမ်က ထွက်လာခဲ့သည်။ သူ့နေရာမှာ ဘယ်လိုတွေ ဖြစ်နေလဲ ဘယ်သူမှနားမလည်သလို သိလဲမသိကြဘူး

စိတ်ပျက်စရာ ကိစ္စ တေကို သက်ပြင်းချရင်း ကျိုးချန် အသစ်ဖွင့်ထားသော ဘားသို့ ဦးတည် လိုက်သည်။

ဘားတွင်းသို့ ရောက်သည်နှင့် ဝိုင်သောက်နေသော ကျိုးချန်က လှမ်းခေါ်သည်။

" Hey! My Son "

ကျိုးချန် က လက်လှမ်းပြကာ သူရှိသည့်နေရာ လာရန် အချက်ပြသည်။ ကျိုးချန် ဘေး၌လည်း အသားဖြူဖြူ ကိုယ်လုံးသေးသေး ခပ်ချောချော ကောင်လေး ပါအတူရှိသည်။

" ကိုယ်တော်ချော လမ်းမှားပြီး ကျွန်တော်မျိုးဆီ ရောက်လာသလော ကိုတည်ကြည်ဖြောင့်မတ်ရဲ့.... "

သည်းကျန့်ရဲ့ အလ်ဖာကိုကိုWhere stories live. Discover now