သည်းကျန့်ရဲ့အယ်လ်ဖာကိုကို (တတိယပိုင်း)

1.9K 152 62
                                    

UNICODE

ရိပေါ် ဒီနေ့ဆိုင်မှာလူကျနေတာနဲ့ ပြန်ရမည့်အချိန်ထက်ပိုနောက်ကျနေသည်...စျေးချိုပေးပြီး ငှားထားတဲ့အခန်းလေးသွားရန် လူဆိုးလူမိုက်ပေါ လူပျက်တဲ့လမ်းကြားကို ဖြတ်ပြီးမှ ရောက်သည်။

5နာရီ ထက် နောက်ကျရင် တေလေဂျပိုးတွေရဲ့ လက်ရဲဇက်ရဲ အကျင့်ကြောင့် ဟိုတစ်ခါ က ကလေးမွေးဖို့စုထားတဲ့ ပိုက်ဆံတွေထဲက တစ်ချို့တစ်ဝက်ပါသွားရသည်။

အရင်အခြေသာဆို သုံးလေးယောက်လောက်က အသာလေးပေမည့် စုဗူးလေးရှိနေသည့်အခါ သူခိုးဂျပိုး တွေနဲ့ ရန်ပြိုင်ဖြစ်လို့မရပဲ သူ့ဗိုက်လေးသာlဖွဖွအုပ်ကိုင်လို့ ပြန်လာခဲ့ရသည်။

အပြန်တွင် ကလေးအားတိုးဆေးဝင်ဝယ်ခဲ့တာကြောင့် လူမိုက်အုပ်စုကိုပေးရန် ပိုက်ဆံ အပိုလည်းမကျန်တော့ပေ ငမိုက်သားတွေနဲ့မတွေ့အောင်သာ ဗိုက်လုံးလေးပေါ် လက်ဖဝါးနုနှစ်ဖက်ကိုတင်ပြီး ရဲရဲအုပ်ကိုင်လို့ ဘုရားစာရွတ်ပီး လမ်းကြားသို့ဝင်လိုက်သည်။

" ဟျောင့် တွေ ဟိုမှာ တစ်ယောက်လာနေတယ်..ဝင်ကြေးတောင်းလိုက် "

" စိတ်ချ အကိုကြီး "

လမ်းကြားထဲ လူအရိပ်ယောင်မတွေ့ရတာကြောင့် ခြေလှမ်းတို့ကို ပိုသွက်လိုက်သည်။

" အလောတကြီးနဲ့ ဘယ်များ သွားမလို့လဲ ဖြေးဖြေးပေါ့ "

"..."

သူ့ရှေ့ပိတ်ရပ်လာတဲ့ လူသုံးယောက်ကို ဘာမှ ပြန်မဖြေပဲ အိမ်ရောက်ရန်သာ လမ်းဆက်လျှောက်နေလိုက်သည်။

" ဟျောင့် အဆိုးလေးကွ ငါတို့ကို အဖတ်မလုပ်ဘူး..."

"ပါတဲ့ပိုက်ဆံအကုန်ထုတ်... မဟုတ်ရင် ညီလေးအသက်ကိုကြီးကိုအပ်လိုက်..ဟားဟား "

" ကျွန်တော့်မှာ ဘာပိုက်ဆံမှမရှိဘူး..အလုပ်ကထုတ်ခံရလို့ ကျွန်တော့်ခလေးမွေးဖို့တောင် ပိုက်ဆံ မရှိဘူး .."

ကြံဖန်လီစယ်လို့ အလုပ်ပြုတ်ကြောင်း ပြောလိုက်တဲ့အပြင် ခါလီနေတဲ့ပိုက်ဆံအိတ်ကို သူတို့လက်ထဲထိုးပေးလိုက်သည်။

ရှေ့ကသုံးယောက်က ခဏလောက်ခေါင်းချင်းဆိုင် စဥ်းစားနေတဲ့အခါ ကိုယ့်လမ်းကိုယ်ရောက်ရန် အမြန်လစ်တော့သည်။

You've reached the end of published parts.

⏰ Last updated: Jun 23 ⏰

Add this story to your Library to get notified about new parts!

သည်းကျန့်ရဲ့ အလ်ဖာကိုကိုWhere stories live. Discover now