-2-

3.6K 149 16
                                    

"အကိုရှိနေတာတောင်မမြင်ဘူးလား အငယ်ဆုံးလေး"
သဲသဲလေးက ဆူပုတ်ပုတ်လေးနဲ့ပြန်ဖြေတာကြောင့် ကျန်းချန် မျက်လုံးပြူး သွားတယ်။

"ကောကောကလည်း သဲသဲလေးက အိုပါးတစ်ယောက်ထဲကို ကွက်မြင်လိုက်တာပါ"

"...."

ကျန်းချန် ဆွံ့အ ဘယ်နှယ် အကိုတစ်ယောက်လုံး အခန်းထဲမှာရှိနေတာကို ဒင်းတို့က သဲသဲကဲကဲ အပြင် တပြွတ် ပြွတ် နဲ့ ပါ ပါလာကြတော့ ငါလေးနှာခေါင်းသွေးလျှံနေပြီ။

ယောက်ဖကလည်း မိုးမမြင်လေမမြင်
ဟို ကိုယ်ညီကလဲ သဲသဲကဲကဲ အိုပါး အိုပါးနဲ့ အမြင်ကတ်လိုက်တာ။

-----
ရိပေါ် သူအသဲအညှာလေးကို ကျောင်းပို့ဖို့ ဖြစ်လာတော့တယ်။
သဲသဲက သူလက်ကို လှုပ်ရမ်းကာ သွားပေါ်ပေါ်လေးတွေ ပေါ်တဲ့ အထိရီပြနေတာကြောင့် ချစ်ဖို့ကောင်းပြန်တယ်။

အိုပါးကားပေါ်တပ်မလို့ ရှိသေး အနားကို ဒရိုင်ဘာလျိုရောက်လာခဲ့တယ်။

"သခင်လေးရှောင်း ကျောင်းသွားဖို့ အတော်နောက်ကျနေပြီ"

"တော်ပြီ ငါမလိုက်ဘူး မင်းအိမ်ပြန်လိုက် အိုပါးက ငါကို လိုက်ပို့မှာဟုတ်တယ် မဟုတ်လားအိုပါး"

"သဲ သဘော"

ရိပေါ်က ပြုံးပြုံးလေးနဲ့ ပြန်ပြောတယ် မျက်၀န်းတွေကလည်း ချစ်ရည်ချွန်းလဲ့ အပြည့်ပဲ။

ထိုမြင်ကွင်းကိုကြည့်နေတဲ့ ဒရိုင်ဘာလျိုကတော့ အံကြိတ်ကာ လက်သီးတင်းတင်း ဆုတ်ထားတယ်။

"အော်ဒါနဲ့ ညနေလဲ လာမကြိုနဲ့ အိုပါးပဲ အိမ်ပြန်လိုက်ပို့မှာ သွားမယ်လေ အိုပါး"

"သဲသဲသဘောပါ ဗျာ ကိုယ်သဲသဲပျော်ရင် ကိုယ်ကျေနပ်တယ် ပြွတ်"

နှုတ်ခမ်းကိုတစ်ချက်နမ်းလိုက်ပြီး ဒရိုင်ဘာလျိုကို ဘက်ကိုလှည့်ကြည့်ကာ ခနဲ့ပြုံးပြုံးလိုက်တယ်။

ကိုယ်သိတာပေါ့ ဒီကောင်ရဲ့အကြည့်က သဲပေါ်မှာ တဏှာ အပြည့်နဲ့ရော သူအပိုင်လိုရောကြည့်နေတာ
မဖြစ်တော့ဘူး သဲကို လုံခြုံတဲ့ သူဆီမှာ ထားမယ် ဟုတ်တယ် သဲကို သူအိမ်မှာထားမယ်။

"  သဲသဲလေး"[𝐎𝐧𝐠𝐨𝐢𝐧𝐠]Where stories live. Discover now