Uni
နှလုံးသားနဲ့ချစ်ရပါသော(Part...1)
"မိန်းမရေ"
"ဟုတ် အစ်ကို!"
"သားစိုင်းရော မန္တလေးကိုသွားပြီလား"
"မနက် လေးနာရီကတည်းကရထားနဲ့သွားတာလေ အစ်ကိုရဲ့ အစ်ကိုကအိပ်နေလို့ သားစိုင်းက မနိုးပဲသွားတာ ကျွန်မတောင် လိုက်ပို့ချင်တာကို သားစိုင်းက သူ့ဘာသာတစ်ယောက်တည်းရပါတယ် ဆိုပြီး သွားလို့ လိုက်မပို့ရဘူး"
"သားက မင်းကိုမပင်ပန်းစေချင်လို့လေ"
"ဟုတ်ပါရဲ့"
မမြရည်တစ်ယောက် တစ်ဦးတည်းသော သားဖြစ်သူ စိုင်းဇိုင်းဟန်ကို စိတ်မချဖြစ်နေပါရဲ့ သို့သော် ဖခင်ဖြစ်သူ ဦးစိုင်းလွင်ကတော့ သားဖြစ်သူကို ယုံကြည်စိတ်ချစွာလွှတ်ထားပေးတော့သည်။
ရထားစီးလေ့စီးထမရှိလို့ပဲလားမသိ ပထမတန်းကစီးလာတာတောင် သက်သောင့်သက်သာ ဖြစ်တယ်လို့ စိုင်းဇိုင်း မထင်ပါ။
မန္တလေးက သူငယ်ချင်းဖြစ်သူ မင်းမင်းဦးဆီ အလည်သွားရတဲ့ခရီးစဉ်ဖြစ်သည်မို့ မန္တလေးကို ခြောက်နှစ်သားအရွယ်က ပထမဆုံးနဲ့နောက်ဆုံးကြိမ်ရောက်ခဲ့တဲ့ အမှတ်တရလေးတွေက တဝိုးတဝါးရယ်ပါ။ မန္တလေးမြို့ဆီ တဖန်အခြေချတော့မယ်ဆိုတဲ့အတွေးလေးက မြူးကြွကြွ။
***********
မင်းမင်းဦးခင်မျာ
ရန်ကုန်မှ သူငယ်ချင်းဖြစ်သူလာလည်မည်ဟုတအိမ်လုံးအားအသိပေးလိုက်သောအခါ ဟိုးယခင်ကတည်း သူငယ်ချင်းဖြစ်သူ စိုင်းဇိုင်းဟန်နဲ့ ရင်းနှီးကျွမ်းဝင်နေသော တစ်မိသားစုလုံးသည် သူထပ်ပင် ပိုပြီးပျော်ရွှင်နေကြကာ စိုင်းဇိုင်းဟန်အတွက် အိပ်ခန်းညာဘာ သာရာကာ အစဆုံးအကုန်စီစဉ်ပေးပြီးဖြစ်နေကြကာ ယခုလဲ ဘူတာကြီးမှာ ဧည့်သည်ကြိုဖို့ တမိသားစုလုံး ကားအစီစီနဲ့လိုက်လာကြတာဖြစ်သည်။တဘူတာလုံး သူတို့နဲ့ဆူညံနေတာပဲ။
"ဟဲ့ မင်းဦး"
"ဗျာ အမေ"
"စိုင်းဇိုင်းက မလာသေးဘူး"
"ခုဏကဖုန်းဆက်ကြည့်တော့ ဘူတာဆိုက်ပြီတဲ့ ခဏလောက်စောင့်လိုက်ပါ သူထွက်လာမှာပါ"
YOU ARE READING
နှလုံးသားနဲ့ချစ်ရပါသော
Romanceအသက်21အရွယ် ရှမ်းဗမာ ကောင်လေး စိုင်းဇိုင်းဟန် တစ်ယောက် မန်းလေးမြို့ကိုသွားလည်ရင်း သူ့ထပ် ခြောက်နှစ်ငယ်တဲ့ ကောင်လေး ရောင်ခြည်သျှမ်းကို မြင်မြင်ချင်းချစ်မိသွားရာမှ....