part4

345 6 0
                                    

Uni

"ဝင်ခဲ့လေ သားစိုင်း"

သျှမ်း အမေက ဖိတ်ခေါ်တော့ စိုင်းဇိုင်းလဲ အထဲဝင်သွားလိုက်သည်။

"ထိုင်အုန်း သားရေ မင်းညီ ကိုခေါ်ပေးမယ်"

"ဟုတ်ကဲ့ အန်တီ"

အန်တီက အပေါ်တက်သွားတော့ စိုင်းဇိုင်းဟန်လဲ ဧည့်ခန်းထဲကျန်ရစ်ခဲ့တော့သည်။

ခဏကြာတော့ လှေကားကနေ အန်တီ ပြန်ဆင်းလာပုံရပေမယ့် ကလေးကိုတော့မတွေ့ရ မဟုတ်မှ မနိုးသေးတာလား

"မင်းညီ လာနေပြီ ကိုစိုင်းရေ "

"ဟုတ်ကဲ့"

တကယ်ကြည့်မိမှ အတော်ချောတဲ့ ကောင်လေးပဲလို့ ဒေါ်ရွှေရည် တွေးလိုက်မိသည်။ ပုဆိုးအစိမ်းကွတ်စိပ်နဲ့ စတစ်လက်ရှည်အဖြူဝတ်ထားတာကိုက အတော်သန့်နေစေသည် ‌အရပ်ကလဲရှည်သေး အသားကဖွေးနဲ့ မျက်ခုံး မျက်ဆံနက်နက်တွေက မျက်နှာကြိပိုပြီးပုံပေါ်စေကာ ဒီတိုင်းနေရင် အနေတည်ပြီး တည်ငြိမ်လွန်းတဲ့ ရုပ်ရည် ဟော ပြုံးလိုက်ရင် ပါးချိုင့်အနက်ကြီးတွေပေါ်လာလို့ရှိရင် ကိုယ်တွေမှာ တမေ့တမောကိုငေးရတော့တာပဲ

"ဟင်းးးး သျှမ်းသျှမ်းကိုလဲ ကိုစိုင်းလိုလေးဖြစ်လာစေချင်လိုက်တာ"

"ဗျာ"

"ယောက်ကျားပီပီသသနဲ့ ကိုယ့်အားကိုယ် ကိုးနိုင်တဲ့ လူတစ်ယောက်ပေါ့"

စိုင်းဇိုင်း ဘာမှပြန်မပြောမိပေမယ့် လူတိုင်းမှာ ကိုယ့်ပုံစံအတိုင်းကိုယ်နေထိုင်ခွင့်ရှိတာပါပဲလေ ။

"ကိုစိုင်း!"

ခေါ်သံလေး လာရာလှည့်ကြည့်မိတော့ လှေကားကနေ ပြေးဆင်းလာတဲ့ကလေး hoodie နက်ပြာရောင် ။ အနက်ရောင် pants နဲ့ အရမ်းလိုက်ဖက်နေသည်။ကြည်ရှင်းနေတဲ့ မျက်နှာလေးက ချစ်စဖွယ်အတိ ဒါပဲလေ ကိုယ့်ပုံစံနဲ့ကိုယ်ဆိုတာ။

"ဖြေးဖြေးလာလေ သျှမ်း"

စိုင်းဇိုင်း ပြောတော့ ပြုံးတုံ့တုံ့မျက်နှာပေးလုပ်ပြကာ သူ့အမေဆီကို အကြည့်တွေပို့ပြန်သည်

"အဲ့ဒါ မေမေ လောနေလို့"

"အဲ့ဒါကြည့်တော့ ကိုစိုင်းရေ ဘုရားသွားမှာကို စေညမထလို့ အန်တီက နိုးရပြန်တယ် ပုဆိုးလေးဝတ်သွားရအောင်ထုတ်ပေးပြန်တော့လဲ မဝတ်တတ်ဘူးဆိုပြီး မဝတ်ပြန်ဘူး တကတည်း"

နှလုံးသားနဲ့ချစ်ရပါသောWhere stories live. Discover now