Part6

319 5 0
                                    

Uni

စိုင်းဇိုင်းဟန် ကလေးကို မင်းဦးတို့အိမ်ခေါ်လာခဲ့သည်။ကြီးကြီးကို ခွင့်တောင်းတော့လည်း ကြီးကြီးကခွင့်ပြုသည်မို့ သူ့အခန်းထဲကိုအရင်ခေါ်သွားမိသည်။

"သျှမ်း ဒါ ကို့အခန်း ဒီမှာရေချိုးခန်း ရေချိုးချင်လား"

သျှမ်း ခေါင်းခါမိသည်။

"တော်ပြီ"

"ဟုတ်ပြီ ဒါဆို ခြေလက်ဆေးပြီး အဝတ်စားလဲပြီးထွက်ခဲ့နော်"

"ဟုတ်"

သျှမ်းလဲ ကိုစိုင်းရေချိုးခန်းထဲဝင်ကာ ခြေလက်တွေဆေးလိုက်သည်။ ဒဏ်ရာတွေက ရေနဲ့ထိတော့ စပ်သည်  အဲ့ဒါကြောင့် ရေမချိုးချင်တာပေါ့ သူ မျက်နှာပါ သေချာသစ်လိုက်သည်။

"နာလိုက်တာ ကျွတ်!"

သျှမ်း မှန်ကိုတချက်ကြည့်မိသည်။ မျက်နှာမှာလည်း ပွန်းပဲ့ရာတွေရှိနေသေးသည်။ စိတ်ထဲလည်းထူးဆန်းနေသည် အရင်က သူတစ်ခါမှ သူများအိမ်လိုက်မအိပ်ဖူးဘူးလေ။ အခုက ဆေးခန်းမသွားချင်တာရော မေမေဆူတာမခံချင်တာရော သူဒဏ်ရာတွေကို မေမေကမြင်နေရင် မမတို့ကို ဒေါသထွက်မည်လည်းစိုး၍ လွတ်ရာလွတ်ကြောင်းလိုက်လာမိတာ။

"သျှမ်း ကလေးလေး ပြီးပြီလား"

အပြင်ဘက်က ကိုစိုင်းအသံကိုကြားမှ သျှမ်းသတိဝင်သည်။

"ဟုတ်"

ဖြေသံလေးနဲ့အတူ တံခါးဖွင့်ကာ ထွက်လာတဲ့
ကောင်လေးက ဆယ်တန်းကျောင်းသားပါလို့ပြောရင်
စိုင်းဇိုင်းမယုံချင်ပါ။အင်္ကျီဂျိုင်းပြတ်လေးနဲ့ ဘောင်းဘီတိုလေးပြောင်းဝတ်ထားရှာသည်။ အန်တီက သေချာ အနာတွေထိမှာစိုးလို့ ဂျိုင်းပြတ်နဲ့ဘောင်းဘီတို ထည့်ပေးလိုက်ပုံရသည်။

"စိုင်းဇိုင်း"

"အေး ဝင်ခဲ့"

မင်းဦး အထဲဝင်လိုက်တော့ ရောင်ခြည်သျှမ်း ဆိုင်ကယ်လှဲထားလို့ရတဲ့ဒဏ်ရာတွေကိုတွေ့လိုက်ရသည် ။

"သျှမ်း ဒဏ်ရာတွေကမနည်းပါလား မျက်နှာတွေရော"

မင်းဦးအပြောကို စိုင်းဇိုင်း ခေါင်းငြိမ့်ရင်းဖြေလိုက်သည်။

နှလုံးသားနဲ့ချစ်ရပါသောWhere stories live. Discover now