315 28 0
                                    

ညနေခင်းမှာ ဆိုးလ်မြစ်ရဲ့ အလှနဲ့ အတူ အပြိုင်လှနေတဲ့ ဘေးက ချစ်ရတဲ့ ကြက်ပေါက်လေးကို ကြည့်ကာ ဆောင်ဟွန်းပြုံ‌းနေမိသည်။

ဒီလောက် မိန်းက‌ေလးအချောအလှလေးတွေ ရှိပေမယ့်လည်း ဆောင်ဟွန်း သူ့ဘေးက ကြက်ပေါက်သေးသေးလေးကိုသာ ချစ်ခဲ့မိသည်။ဒီအချိန်လေးကို မြတ်နိုးလွန်းလို့ ခနလောက်ရပ်တန့်ထားချင်တယ်။

"ဟိတ်‌ ဟျောင်း ကြည့်လှချည်လား"

"ဂျီကလည်းကွာ ကိုယ့်ကို ဟျောင်းလို့ မခေါ်ပါ‌ေတာ့နဲ့ဆို၊ပီးတော့ ကိုယ့်ချစ်သူလေးကို ခုမှ ကြည့်ခွင့်ရတာလေ ကြည့်မှာပေါ့ဗျ အသေးလေးရဲ့"

"ဟွန့် အပိုတွေ ရုံးမှာလည်း တွေ့နေရတာကို"

"ရုံးမှာက ခုလိုမျိုးအနိးကပ် တစ်စိမ့်စိမ့်ကြည့်လို့ မရဝူးလေဗျာ"

ထိုသို့ ပြောမိသည်နှင့် ဆောင်ဟွန်းတစ်ယောက် ဂျီ့တွက် စိတ်မကောင်းဖြစ်သွားသည်။ခုထိ လူသိရှင်ကြား တွဲခွင့်မရပေမယ့်လည်း သူ့ဘေးနားမှာ ပြုံးပြုံးလေး ရှိနေပေးတဲ့ ချစ်သူလေး...။ဂျီ့ကို သိပ်ချစ်ပေမယ့် အဘွားသိရင် မလွယ်ဝူး..ဟူး....ခုနကထိ အေးချမ်းနေပေမယ့် ဘ၀အကြောင်းတွေးလိုက်သည်နှင့် ပူလောင်ရပီ။

ဘာလိုလိုနဲ့ ဂျီ Han company မှာ အလုပ်၀င်တာ ၃နှစ်ပြည့်ခဲ့ပီ။ဟျောင်းက ဂျီအလုပ်၀င်ပီး တစ်နှစ်မပြည့်ခင်မှာဘဲ နိုင်ငံခြားမှာ သွားဦးစီးဖို့ ဖြစ်လာတယ်။ဂျီ့ကို ချစ်ပါတယ် မပြောဘဲ သူပြန်အလာကို စောင့်နေပေးပါလို့ ပြောပီး တစ်နှစ်ခွဲအကြာမှာ ပြန်လာခဲ့တယ်လေ...

ဟျောင်း နိုင်ငံခြားသွားးတဲ့ အတောအတွင်း ဂျီးဘက်ကလည်း ဟျောင်းကို သံယောဇဉ်ရှိနေပီဆိုတာ သိခဲ့ရတယ်။ဟျောင်းပြန်လာပီး နောက်ရက်ကျတော့ ဂျီ့ကို ချစ်ခွင့်ပန်ခဲ့တယ်ဆိုပါတော့။ဂျီလည်း ဟန်မဆောင်တော့ဘဲ ကိုယ်လည်း‌ ဟျောင်းကို သံယောဇဉ်ရှိနေပီမလို့ လက်ခံခဲ့တယ်လေ။ဒါပေမယ့် ခုထိတော့ နှစ်ဖက်လုံးကို အသိမပေးဘြ silent တွဲနေကြတာပေါ့...

▼▽▼▽▼▽▼▽▼▽▼▽▼▽▼▽
"ဆောင်ဟွန်းအခုတစ်လော ဘာတွေ လုပ်နေသလဲ စောင့်ကြည့်နေရဲ့လား"

အချစ်တို့ဖြစ်တည်ရာ .....Where stories live. Discover now