233 23 0
                                    

ဂျီ့ရင်ထဲအရမ်းမွန်းကြပ်လှသည်။တစ်ယောက်ယောက်ကို ဖွင့်ပြောပြီး ငိုချပြစ်လိုက်ချင်သည်။ မမကြီးနဲ့အွန်မား....သူတို့ကိုပြောလို့တော့မဖြစ်။သူတို့သိရင် ရင်ဘတ်ဖိပြီး ငတ်ချင်ငတ်ပါစေ။အလုပ်လုပ်ခိုင်းမှာမဟုတ်တော့ ။

အမှန်တော့ဒါတွေအားလုံးကိုယ်ကအစပြုခဲ့
တဲ့ဇာတ်လမ်းတွေပါပဲ အချစ်
ကြောင့်နဲ့ တစ်ဖက်လူကို ခြိမ်း‌ခြောက်ခဲ့မိသည် မဟုတ်လား...

ဂျီစိတ်ညစ်တာနဲ့ စောစောထပီး သူ Han Group မှာအလုပ်စ၀င်၀င်ချင်းတုန်းက ခင်ခဲ့တဲ့ ဟျောင်းတစ်ယောက်ဆီ လှမ်းဖုန်းဆက်ပီး ရင်ဖွင့်မိသည်။ခုချိန်ဆို ဟျောင်းကင်မ် အလုပ်မသွားလောက်သေးဝူးထင်တယ်။‌‌ေဟျာင်းကင်မ်က သူနဲ့ ဟျောင်းရဲ့ အခြေအနေကို သိသောသူတစ်‌ေယာက်ဆိုလည်း ဟုတ်သည်။ထို company  တစ်ခုလုံးတွက် လက်ထောက်ဖြစ်သော ဟျောင်းကင်မ်တစ်ယောက်သာ သိသည်။

_______________

"ဟယ်လို ဟျောင်းကင်မ်  ဂျီပါ "

"ဟယ်လို ဂျီပြော"

ဂျီဖြစ်ပျက်ခဲ့တာတွေပြောပြီးရင်ဖွင့်မိသည်။ဟျောင်းကင်မ်ကြားကြားပီးချင်း အံ့ဩသွားကာ

"ဂျီ အဲ့ကောင်တွေကိုထောင်ချပြစ်သင့်တာ"

"ဂျီအဲ့လိုလုပ်ရင်အားလုံးသိကုန်မှာ "

"ဒါလည်းဟုတ်ပါတယ်လေ ငါ့တို့ ဂျီလေး ကံကြီးပေလို့ "

"ဂျောင်ကု သာလာမကယ်ရင် အခုလောက်ဆိသရဲဖြစ်နေလောက်ပြီ‌ ဟျောင်းရယ်"

"ဂျွန်ဂျောင်ကုက ဂျီ့ကိုအရမ်းဂရုစိုက်တယ်နော်။ ဟျောင်း ဟိုတစ်နေ့က ပွဲမှာတွေ့လိုက်တယ် "

"ဟုတ် ဒါနဲ့ ဟျောင်းကင်မ်တော့ ဂျီ့ကြောင့်အလုပ်နောက်ကြပြီ."

"နောက်ကျမယ့်အတူတူခွင့်တင်ပြီး ဟျောင်းတို့ တစ်နေရာသွားကြမလားစိတ်ပြေလက်ပျောက်ပေါ့"

"တကယ်လား ။အာ့ဆိုသွားမယ်လေ ဟီး😁 "

"ဒါဆို ခနနေ ဆုံနေကြ နေရာမှာ တွေ့မယ်လေ ။ဟျောင်းရော ခွင့်တင်လိုက်အုံးမယ် "

"ဟုတ် ဟျောင်း ဂျီရောဘဲ"

_____________________

ဂျီ ဂျောင်ကုဆီ မက်ဆေ့လှမ်းပို့လိုက်သည်။

အချစ်တို့ဖြစ်တည်ရာ .....Where stories live. Discover now