4

717 30 1
                                    


ဖြန်း ။

ဖြူဖွေးနေသည့် Maxwell မျက်နှာပေါ်တွင် လက်ငါးချောင်းရာ လက်ဝါးရာကြီး ထင်းလာသည်အထိ ရိုက်ချက်က ပြင်းလှသည်။

ရိုက်ကွင်းအတွင်းရှိ လူအားလုံးက ပါးစပ်အဟောင်းသားဖြင့် တအံ့တဩ ။

"ကျွန်တော့်မှာ ဘာအပြစ်ရှိလို့ မမက
ကျွန်တော့်ကို ရိုက်ရတာလဲဟင်…"

Maxwell အရိုက်ခံထားရတာကြောင့် ပူထူနေသည့်
ပါးကိုလျစ်လျူရှုရင်း သရုပ်ဆက်ဆောင်တော့
ရှေ့က Maxwell ရဲ့ အမနေရာက တစ်ယောက်က
ဆွံ့အသွားသည်။

ရိုက်ကွင်းက လူတွေကလည်း ဘာဆက်ဖြစ်မလဲ
စိတ်ဝင်စားနေကြသည်မှာ အသက်ပင်ရှူကြရဲ့လားမသိ။

ရိုက်ကူးရေးလုပ်နေသည့် အိမ်အတွင်း တိတ်ဆိတ်မှုက စက္ကန့်ပိုင်းလောက် ကြီးစိုးသွားသည်။

"ကဒ် ကဒ်။ စင်ဒီ စာသားဆက်ပြောလေ "

"တောင်းပန်ပါတယ် ဒါရိုက်တာ။ Maxwell
စင်ဒီတောင်းပန်ပါတယ်နော် ခုနက ရိုက်တာ
အားနည်းနည်းပါသွားတယ်…"

"ရပါတယ်။ သရုပ်ဆောင်တာပဲ ကိစ္စမရှိပါဘူး "

"ပြန်ရိုက်မယ်ဟေ့။ Maxwell ကိုတော့ အားနာပါတယ်
ဒီတစ်ခန်းတော့ ဆက်ရိုက်ရအောင် "

"ဟုတ်ကဲ့.."

ဒါရိုက်တာက ဇာတ်လမ်းဆက်ရိုက်ဖို့ ပြောတော့
မန်နေဂျာအစ်မက မျက်နှာကြီးရှုံ့တွကာ ဒါရိုက်တာကို
မျက်စောင်းထိုးကြည့်နေတော့ Maxwellရယ်လိုက်မိသည်။

ရေခဲအမြန်ကပ်ရမည့် အခြေအနေဖြစ်သည်။
သို့သော် ဇာတ်လမ်းကို သူကြိုးစားရိုက်ရမည်။
အားလုံးနဲ့ လိုက်လျောညီထွေအောင် သူနေရမည် ဖြစ်သည်။

ရိုက်ကွင်းပြီးတော့ စင်ဒီက Maxwell ကို ပြန်လာတောင်းပန်သည်။
တမင်လုပ်ပြီးမှ ပြန်လာတောင်းပန်တာ
ဘာအထာမျိုးလဲတော့ မသိပေ။

ရဲနေတဲ့ပါးကို Maxwell ရေခဲကပ်နေရင်း ရှေ့ကတစ်ယောက်ကို စိုက်ကြည့်ပေးလိုက်သည်။

သူနဲ့ မမ ပြောတာ Maxwell အားလုံးကြားပြီးသားပဲ။
သူ့ကိုပြင်းပြင်းရိုက်ပေးရင် စပွန်ဆာဆက်ပေးမယ် ဆိုတဲ့အကြောင်း။ မရိုက်ရင်တော့ လက်ရှိနေရာက ပြုတ်မယ်ဆိုတဲ့အကြောင်းကိုရော ။

ℂ𝕖𝕠'𝕤Where stories live. Discover now