8

698 32 1
                                    



" အ့..ကျွတ် ကျွတ် "

VanHill ခေါင်းတစ်ခုလုံး ထိုးကိုက်နေ၏။ မျက်လုံးကို သေချာဖွင့်ကြည့်လိုက်တော့ လုံးဝမရင်းနှီးတဲ့ အခန်းတစ်ခုကို တွေ့လိုက်ရသည့် အပြင် VanHillအပေါ်ပိုင်းက ဗလာဖြစ်နေခဲ့သည်။

VanHill အိပ်ယာပေါ်က ဆတ်ခနဲ ထထိုင်လိုက်တော့ လွှားထားတဲ့ စောင်က လျှောခနဲ။ တော်သေးလို့ အောက်မှာ ဘောင်းဘီရှည်ရှိနေလို့။

" ဟင်.. John.. llaကို..."

" Stella.."

" lla..lla ဟင့် "

Stellaက ပြောရင်းငိုလာတော့ VanHill ခေါင်းရှုပ်သွားရသည်။ Stella ဘာမှမပြောဘဲ ငိုချည်းနေလေ၏။ Stellaရဲ့ ခန္ဓာကိုယ်မှာလည်း အဝတ်မကပ်ပေ စောင်ဖြင့်သာ အုပ်ထားလေသည်။

" မင်းက ဘယ်လိုလုပ်..ငါ့ဘေး ရောက်နေတာလဲ "

" မနေ့ညက Johnမူးနေလို့ဆိုပြီး llaကို ဖုန်းဆက်လာခေါ်ခိုင်းတာလေ.. John မမှတ်မိတော့ဘူးလား.."

"………"

VanHill ခေါင်းပိုရှုပ်သွားရတော့သည်။ မနေ့ညက Joelနဲ့ သောက်နေသည်အထိ မှတ်မိသည်။ Joel ဖုန်းပြောဖို့ ထွက်သွားတော့ တစ်ယောက်ယောက်က သူ့ကို တွဲခေါ်သွားသည်။ ဒါပေမယ့် သူ ဖုန်းတော့မဆက်မိပါ။
ဖုန်းကိုယူပြီး ဖုန်းကောလ် စစ်ကြည့်လိုက်တော့ llaကို ခေါ်ထားတဲ့ ဖုန်းကောလ်က ရှိနေ၏။ ထိုအရာထက် အပေါ်ဆုံးမှာရှိနေတဲ့
' 𝑀𝑦 𝐿♡︎𝑣𝑒 ' ဆိုတဲ့ contact နာမည်မှ missed callမြောက်များစွာက VanHillရင်ကို လှုပ်ခတ်စေတော့သည်။

" မင်းနဲ့ နောက်မှ ထပ်ပြောမယ် "

VanHill အင်္ကျီကို အလျင်အမြန်ဝတ်ကာ အိမ်ကို မြန်မြန်ပြေးရတော့သည်။

နောက်မှာကျန်ခဲ့တဲ့ Stellaကတော့ ကျေနပ်စွာပြုံးနေရင်း။ မနေ့ညက VanHill နဲ့ သူ အိပ်နေတဲ့ပုံတွေ ရိုက်ယူထားတဲ့ ပုံတွေကို ကြည့်လိုက်သည်။

' သစ္စာမရှိတဲ့ ယောင်္ကျားနဲ့တော့ နင်ပေါင်းမှာ မဟုတ်ဘူး မှတ်လား..အထူးသဖြင့် အစ်မဖြစ်သူနဲ့ ဖောက်ပြားနေတဲ့ ယောင်္ကျားကိုပေါ့လေ '

" အင်း..ဒီနေ့ ရာသီဥတုက သာယာလိုက်တာ "

Stella လိုက်ကာကို ဆွဲဖွင့်လိုက်ရင်း နေရောင်ခြည်ကို အပြည့်အဝ ခံယူလိုက်သည်။

ℂ𝕖𝕠'𝕤Where stories live. Discover now