Decemberလကုန်ဖို့5ရက်လောက်သာလိုတော့ပေမယ့် Hogwarts မှာတော့ အအေးဓာတ်ဟာ မပြယ်သေးပေ စာမေးပွဲနောက်ဆုံးနေ့ဖြစ်ပေမယ့် လူတိုင်းဟာပျော်နေကြပြီး နောက်ဆုံးနှစ်ကျောင်းသူ ကျောင်းသားတွေဟာလည်း ကိုယ်စီ လုပ်မဲ့အလုပ်တွေအကြောင်း တိုင်ပင်နေကြနေသည်
"Harry ငါတို့ ဟော့မိတ်ကိုသွားရအောင်"
"အင်း သွားကြမယ်လေ Ron"
"နင့်ကြည့်ရတာလည်းဟယ် တစ်ခုခုကိုရှာနေသလိုပဲ"
"Malfoyမလာလို့မလား"
"အေး သိရက်သားနဲ့မေးနေတယ် လာသွားမယ်"
"ဟားဟား..ဒါနဲ့ ငါ့ညီမလည်းလိုက်မှာ သူက အပြင်ကနေစောင့်နေမယ်တဲ့"
"အွန်းအွန်း"
Harryတို့လည်း အဖွဲ့လိုက် ဟော့မိတ်ကိုလမ်းလျှောက်လာခဲ့တော့သည်
"Harry နင်ဘယ်လိုထင်လဲ"
"ဘာကိုလဲ Hermione"
"ဟာ နင်ကလည်း Neville ရဲ့ကောင်မလေးနဲ့တွေ့ရတော့မှာကိုပြောတာ"
"အော် ငါတော့ Neville အတွက်ဝမ်းသာတယ် သူလည်း Luna အပေါ်မှာတော်တော်မျှော်လင့်ထားတာလေ"
"Harryပြောတာတော့ဟုတ်တယ် Neville ကLunaက သေအောင်ချစ်တာ ဒီကောင်မလေးကလည်းတော်တော်ချစ်ပေးနိုင်လို့ဖြစ်မှာပေါ့"
"ငါ့အထင်လေ Lunaနဲ့များ.."
"အ့"
"ဟားဟား Pottah"
"Draco!"
"အင့်"
သူ့အား နောက်ကနေ နှင်းဘောလုံးနဲ့ထုတဲ့ Dracoအား မြင်တော့ Harry ဟာ ပြေးပြီးဖက်လိုက်တော့သည်
ရုတ်တရက်ဆိုတော့ Dracoကလည်း အရှိန်မထိန်းပေးနိုင်ဘဲ နှစ်ယောက်လုံး နှင်းတွေထဲ ထပ်လျက်ကျသွားတော့သည်"အရူးကောင် ငါလွမ်းနေတာသိလား"
"ဟောကိုယ်သိပါတယ်ကွာ"
"ဟမ်း ဟိုအတွဲ လူမြင်ကွင်းမှာနော် နောက်မှကြည်နူး"
"ပြောလိုက် အချစ်ရယ် သူငယ်ချင်းတွေမှအားမနာ"
"နာသွားလား ငါဖိမိသွားတယ်"
"ရပါတယ်ဗျာ ကိုယ်ကခန္ဓာကိုယ်သေးပေမယ့် ဗလရှိပြီးအားရှိတယ် ဟမ့်"

YOU ARE READING
𝗬𝗼𝘂 𝗡𝗲𝘃𝗲𝗿 𝗛𝗮𝘁𝗲 𝗠𝗲, 𝗣𝗼𝘁𝘁𝗮𝗵 (𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝)
Fanficအခုမှဘာလို့ ဆင်ခြေတွေပေးနေမှာလဲ မင်းအရင် ငါ့ကိုထားခဲ့တာပဲလေ Malfoy ချစ်သူနဲ့ မိဘကြားမှာ ကိုယ်ရွေးချယ်ရခက်နေခဲ့တာ မင်းသိပါ့မလား Pottah အခုမှဘာလို့ ဆင်ခြေတွေပေးနေမှာလဲ မင်းအရင် ငါ့ကိုထားခဲ့တာပဲလေ Malfoy ချစ်သူနဲ့ မိဘကြားမှာ ကိုယ်ရွေးချယ်ရခက်နေခဲ့တာ မင...