1

971 62 23
                                    

Unicode

2019, September 1st

Air Canada လေယာဉ်က Incheon အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အရှိန်နှင့် ပြေးကာ ဌက်သွင်ပျံကြွလျက် ဝေဟင်သို့ ဦးမော့လိုက်၏။ လေယာဉ်၏ လက်ယာဘက် ထိုင်ခုံများအနက် ပြူတင်းဘဲဉပေါက်နှင့် ကပ်လျက်ရှိသော ခုံတွင်အသက်သုံးဆယ်နီးနီးရှိသော လူရွယ်တစ်ဦးထိုင်နေ၏။ လူရွယ်က ပြူတင်းမှနေ၍ အောက်မြေပြင်ကို ငုံ့မျှော်ငေးကြည့်သည်။  သိမ်မွေ့သိပ်သည်းလာသော တိမ်ထုကြောင့် အမိမြေ၏ ပုံရိပ်သည်ပင် သေးသိမ်လာချေပြီ။

လူရွယ်၏ ပုံပန်းက ဖြူပါးပါး ကြည်လဲ့လဲ့ ရှည်မြင့်မြင့်။ နှာတံပေါ်ပြီး တိရိသည့် မျက်ခုံးက ဆန့်တန်းတန်း။ မျက်သားပြာလဲ့လဲ့ နောက်ခံသည့် ပျားရည်ရောင် မျက်လုံးအိမ်က ကြည်လင်သည်။ တည်ငြိမ်အေးချမ်းသည်။ ခပ်ရေးရေးထင်းနေသည့် မေးရိုးထောင့်များက ရင့်ကျက်မှုဘက် လုသော်လည်း ဖူးငုံငုံရှိသည့် နူတ်ခမ်းများက ညွတ်ကျနေ၏။ ထိုအရာက အလွန်အမင်း ဖော်ရွေတက်ကြောင်း ပြနေပြန်သည်။

လူရွယ်သည် အောက်မြေပြင်ကို ငုံမိုးကြည့်ဆဲမှ ရေးတေးတေး ပြုံးလိုက်၏။ မိမိက စာရေးဆရာဖြစ်သည်ကြောင့်ပေလော မသိ။ မြင်မြင်ရာ ခံစားစာဖွဲ့ချင်နေသည်က ဆန်းမည်ဟု မထင်။ တွေးကာငေးရင်းမှ ဆွေးတမြည့်မြည့် ခံစားချက်က ၀င်လာသည်။ ရင်၌ပြည့်ကျပ်လာသည့် ခံစားချက်ကို လစ်လျူရှုဆဲတခဏ သိမ်မွေ့သော ခြေသံကိုကြားရ၍ လှည့်ကြည့်မိသည်။

ထိုအခါ အပါးတွင် လာရပ်နေသော လေယာဉ်မယ်ကလေးကို တွေ့ရ၏။ လက်တစ်ဖက်တွင် Autograph စာအုပ်ကလေး ကိုင်ထား၏။ လေယာဉ်မယ်ကလေးက ထိုနေရာမှ ခွာမသွား။ ရပ်မြဲရပ်‌နေပြီး လူရွယ်အား မျက်တောင်‌တဖျက်ဖျက်ခတ်လျက် ငေးကြည့်နေချေသည်။

မကြာဘူး။ ကလေးမက တစ်ချက်ပြုံးပြီး လူရွယ်ဘေးဘက် ခုံလွတ်တွင် ၀င်ထိုင်သည်။ အချိန်ရာသီကား ပုံမှန်ဖြစ်နေချေ၍ပေလောမသိ။ လေယာဉ်၌ အထူးလူပြည့်နေခြင်းမရှိ။

"Jagga Nim အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်။ ဒီမှာ လက်မှတ်လေးလိုချင်လို့ပါ။"

Happy Ending ✓ (Completed)Where stories live. Discover now