2

355 52 16
                                    

Unicode

2011 ခုနှစ် September 1st

September လ၏ နွေက သိပ်မပူပြင်းလှ။ မှန်ပြူတင်းကို မျက်နှာမူလျက် စာရေးစားပွဲတွင် သူထိုင်နေသည်။ မျက်မှန်အောက်မှ မျက်ဆံအိမ်က မိမိရှေ့မှ စာအုပ်‌ပေါ်တွင် တည်နေ၏။ သူသည် သင်္ချာပုစ္ဆာတစ်ပုဒ်ကို အသည်းအသန်ဖြေရှင်းရင်း ပတ်၀န်းကျင်ကို မေ့လျော့နေသည်။

"Hyung!!"

"လန့်လိုက်တာ Jimin ရာ"

လန့်လိုက်တာဟု ဆိုလိုက်သော်ငြား မျက်နှာအမူအရာက အထူးမပျက်။ Jimin ကပျင်းရိဖွယ် အစ်ကိုကို တစ်ချက်ကြည့်ပြီး သက်ပြင်းချသည်။

"Hyung ဒီနေ့ Namjoon အိမ်မှာ party ရှိတယ်"

မိမိအိပ်ယာနှင့် ခြားနားသည့် အိပ်ယာပေါ် ကန့်လန့်ဖြတ်လှဲချလိုက်တော့ SeokJin ကသူ့ကို ဖျက်ကနဲ ကြည့်သည်။ သို့သော် ဘာမျှတော့မပြော။ နှာတံအောက် လျှောချနေသည့် မျက်မှန်ကို လက်ညိုးကွေး၍ တင်သည်။ ပြီးလျှင် စာအုပ်တစ်ပုံကြီးကြား ခေါင်းငုံ့သွားပြန်သည်။

"Hyung ပိတ်ရက်ပဲဟာ လိုက်ခဲ့ပါလား"

"ဒါပေမယ့် Hyung အိမ်စာတွေလုပ်ဖို့ ရှိသေးတယ်။ ပြီးတော့ Ji လည်းသိတဲ့အတိုင်းပဲ Hyung ပါတီတွေကို မကြိုက်ဘူး။ ဆူညံပြီး လူတွေရုတ်ရုတ်သဲသဲ ဖြစ်နေတာကိုလည်း မကြိုက်ဘူး။ အဲ့ထက် Hyung အရက်နံ့ကို မကြိုက်ဘူး"

"ဟူးးး Hyung ကျွန်တော်တို့က 20 ကျော်ပြီ။ အရက်က ကျွန်တော်တို့နှင့် တရား၀င်ဖြစ်နေပါပြီ။ လာစမ်းပါ Hyung ရာကျွန်တော်တို့ ရှင်သန်နေရမယ့် အချိန်က ခဏလေးရယ်။ ဒါကို Hyung ကစာအုပ်တွေနဲ့ပဲ ကုန်ဆုံးတော့မှာလား?"

သပ်ရပ်သည့် သူ့အိပ်ယာထက် ဘယ်ညာလူးလိမ့်နေသည့် ညီငယ်ကို SeokJin ကကြည့်သည်။ ဘာမျှတော့ မပြောသေး။

"ပြီးတော့ ...."

အပြုံးစစဖြင့် SeokJin မျက်လုံးတွေထဲ စိုက်ကြည့်သည်။

"Hyung တစ်စုံတစ်ယောက်ကိုလည်းရှာတွေ့နိုင်တာပေါ့"

"ဘာကို..?"

"အာ ..ကျွန်တော်ဆိုလိုတာ girlfriend တို့ဘာတို့ပေါ့"

" Hyung အတွက်မလိုအပ်ပါဘူး"

Happy Ending ✓ (Completed)Where stories live. Discover now