3

316 49 9
                                    

Unicode

မိမိဘာသာ တဇွတ်ထိုး ထွက်လာခဲ့ပြီးမှ ရင်နှလုံးခံစားချက်ကမကောင်း။ မှောင်မှိုင်း၍ ညို့ဆိုင်းသည့် ကောင်းကင်ယံ။ လူအရိပ်အခြေက နည်းပါး၏။ အချိန်ကိုကြည့်တော့ 11:44 PM။ ကျိုးတို့ကျိုးတဲ သွားနေသည့် ကားများထဲတွင် Bus တစ်စီးမျှ မတွေ့ရသေး။

ဆော့ဂျင်၏ စိတ်တို့က မတည်ငြိမ်။ လျှောက်လမ်းတလျှောက် လျှောက်နေရင်း အတွေးများနေပြန်၏။

"သူဘယ်လိုတောင် ငါလိုယောကျာ်းတစ်ယောက်ကို လာ flirt ရတာလဲ။ ဒါမှမဟုတ် ကလပ်မှာမို့ လူတိုင်းက အဲ့လိုတွေများ ပြောနေတာလား။ သူလိုကလေးမျိုး တစ်ခါမှ မတွေ့ခဲ့ဖူးဘူး"

"ဟူးးး"

"အဲ့ကလေးက ပါတီတွေကို ပိုမုန်းအောင် လုပ်နေတာပဲ"

အုံ့ဝေတိတ်ဆိတ်နေသည့် ပတ်၀န်းကျင်၌ ဆိုင်ကယ်သံ ဆူဆူတစ်ခု။ လူအရိပ်အခြေ နည်းပါးသည့်အချိန် ထိုအသံကြောင့် ဆော့ဂျင်ကိုယ်၌ ကြက်သီးမွေးတို့ ထောင်ကုန်သည်။ မပြောကောင်း၊ မဆိုကောင်း အဓမ္မ ခိုးဆိုးလုရိုက် ခံရခြင်းမျိူး ရှိလာလျှင် ဒုက္ခ။ သို့နှယ် အတွေးဆိုးက ရစ်သီလာတော့ ဆော့ဂျင်၏ တစ်ခုတည်းသော ဆန္ဒကပေါ်လာသည်။ ပါတီက ဟိုကလေးနားရွက်ကိုချည်း နာနာသာသာ လှိမ့်ဖျစ်ပစ်လိုက်ချင်သည်။ 

‌ဆိုင်ကယ်က မိမိနံဘေး၌ စက်သပ်ရပ်လာသည်။ ဆော့ဂျင်သည် အတွေးများနေလျက်ပင်။ Helmet ကိုလက်ချောင်းသွယ်များ အုပ်ကိုင်ပြီး  သူကချွတ်သည်။ ဆော့ဂျင်၏ ခြေအစုံသည် တစ်လက်မမျှ မရွေ့ပဲ နူတ်မှသာ စမ်းခေါ်မိ၏။

"ဂျွန်ဂျောင်ကု.."

"ဘာလို့ ပါတီကနေ အစောကြီးထွက်လာရတာလဲ"

တည်ကြည်နေသည့် သူ၏အကြည့်စူးစူးက မိမိမျက်၀န်းတွေထဲ ကျူးကျော်သည့်အခါ မျက်မှောင်ကြုတ်လိုက်မိသည်။ မိမိက သူ့ထက်အရပ်ရှည်သည်ဟု ထင်သည်။ သို့နှယ် သူကစီးမိုးကြည့်နေသည့်နှယ် ခံစားရ၍ ဘ၀င်က မကျချင်။ ယောကျာ်းတစ်ယောက်အဖို့ မနာလိုချင်စရာ ရင်အုပ်ခန့်နှင့် ကိုယ်ထည်ကို ပိုင်ဆိုင်ထားသည့်အပြင်၊ အပိုဆု ဟုဆိုရမည်လား။ မီးမှိန်မှိန်ထဲ မတွေ့ခဲ့ရသည့် ပြစ်ချက်မရှိ မျက်နှာကျက ပန်းချီဆရာ ရှုံးလောက်မည်။ 

Happy Ending ✓ (Completed)Where stories live. Discover now