Part 3

313 37 19
                                    

Unicode

ကိုယ့်ကိုကျော်ကာမယ်တော့်ဆီရောက်သွားတဲ့ကောင်လေးကြောင့် ရှောင့်ကျန့်ခမျာတောင့်တောင့်ကြီးကျန်ခဲ့တော့တယ်.......ခဏအကြာမှသတိပြန်ဝင်လာပြီးကမ်းပေးထားတဲ့လက်ကိုပြန်ရုတ်လိုက်ကာ အရှက်ပြေ လက်သီးဆုပ်ကို နှုတ်ခမ်းနား​တေ့ကာ ချောင်းဟန့်လိုက်တယ်....

နောက်ကိုလှည့်ကြည့်လိုက်တော့ သူ့ကိုကြိုဆိုနေသည်က ရှင်းလင်းနေသောနေရာလပ်နှင့် တိုက်ခတ်နေသောလေပြေညှင်းတို့သာ..........

'သူတို့ဘယ်အချိန်ကတည်းကထွက်သွားကြတာလဲဟ..ငါ့ကိုတောင်မစောင့်ကြဘူး..မယ်တော်ကလည်း ရံရွှေတော်တစ်ယောက်တောင်မချန်ထားခဲ့ဘူး..အကုန်ခေါ်သွားတယ်..တကယ်ပါပဲ... ဟင်းးး'

ပြီးနောက်ရှောင်ကျန့်လည်း ကြိုတင်စီစဉ်ထားသည့် ဧည်ဆောင်သို့ခြေဦးလှည့်လိုက်တော့၏

..........

ဝမ်ရယ်သည် ရိပေါ်ကိုကြည့်နေရင်းမှ အပါးမှမိန်းမပျို၏သတိပေးမှုကြောင့် အသိပြန်ဝင်လာပြီး သူ့ရှေ့တွင် လက်ကမ်းလာလေသည်.....ဒါပေမယ့်ရိပေါ်သူ့ကိုလက်မပေးပဲ..နောက်တွင်ရပ်နေသောမိန်းမပျိုလေးထံကို ကျော်ကာသွားလိုက်တော့ သူဟာတောင့်တောင့်ကြီးကျန်နေခဲ့လေတယ်..သူ့ပုံစံကိုမင်းတို့မမြင်ရလို့သိလား..မဟုတ်ရင်အသေရယ်မှာ.ဟားးးဟားးးဟားး...

ရိပေါ်မိန်းမပျိုလေးနားရောက်ချိန်တွင်တော့

"ဒီကမမက ဝမ်ရယ်ရဲ့ညီမ​လေး​လားဟင်!. မမကအရမ်းချောတာပဲ..ပြီးတော့အသားအရေကလည်းလှလိုက်တာ..မမကကျွန်တော့်ထက်နည်းနည်းလောက်ပဲ​ကြီးတာထင်တယ်...$^#*^$^%^#%"

"သားရယ်နည်းနည်းလောက်နားပါအုံးပြီးတော့ ဒါကဝမ်ရယ့်ညီမလေးမဟုတ်ဘူးကွဲ့..ဝမ်ရယ့်မယ်တော်ပဲ..."

ကျွန်တော်ပြောနေတာကိုမခံနိုင်တော့လို့ထင်ပါတယ် အမေကဝင်ပြောလာတယ် ဒါပေမယ့် ဒီကမမကဝမ်ရယ့်မယ်တော်တဲ့..မဖြစ်နိုင်တာ..ဒီလောက်နုဖတ်ပြီးချောမောလှပတဲ့ဟာကို..

"အာ..မဖြစ်နိုင်တာအမေကလည်း...ဒီလောက်နုဖတ်နေတာကို..သေချာပေါက်ဝမ်ရယ့်ညီမပဲ"

You've reached the end of published parts.

⏰ Last updated: Jan 18, 2023 ⏰

Add this story to your Library to get notified about new parts!

ရှောင်းဝမ်ရယ်ရဲ့ဝမ်ဖေးငယ်Where stories live. Discover now