Part 2

319 40 19
                                    

Unicode

"သားရေမြန်မြန်လုပ်ပါကွယ်...ဝမ်ရယ်တို့ကိုစောင့်ခိုင်းလို့မကောင်းဘူးကွဲ့.."

"ဟုတ်ကဲ့ပါအမေရယ်...လာပါပြီ.."

ဒီနေ့က ဝမ်ရယ်ဆိုတဲ့လူအိုကြီးကို သွားတွေရမယ့်နေ့ဖြစ်တယ် ပြောတော့လက်မထပ်ချင်ဘူးဆိုပြီး အခုကြဘာလို့ထွက်မပြေးလဲဆိုရင် ကောင်းပြီ...တကယ်လို့ထွက်ပြေးလည်း ဘာထူးမှာလဲ သူတို့ကအင်အားတောင့်တဲ့ တော်ဝင်မျိုးနွယ်တွေလေ မကြာဘူးပြန်ဖမ်းမိမှာပဲ ပြီးတော့သူတို့က အဖေနဲ့အမေ့ကို ဘာမှမလုပ်ဘူးလို့ပြောလို့ရပါ့မလား...အဲ့တော့အကောင်းဆုံးက သွားတွေ့လိုက်တာပဲ..ဟိုရောက်မှဟိုအဖိုးကြိီးသူ့ကို စိတ်ပျက်သွားအောင်လုပ်လိုက်မယ်လေ..ဝါးးဟားးးဟားးးး

(P/N - Pandaလည်းဝါးဟားဟားရေခဲ​ချောင်းစားချင်တယ်🥺🥺)

မကြာခင်မှာပဲ နန်းတော်ကပို့လိုက်တဲ့ ရထာလုံးရောက်လာတာမို့ ရထားလုံးနှင့်အတူ နန်းတော်စီသို့ခရီးနှင်လာခဲ့တော့တယ်

............

ဒီနေ့က သူ့ထက်၈နှစ်ငယ်တဲ့ အမျိုးသားကြင်ယာတော်လောင်းနဲ့တွေရမယ့်နေ့ဖြစ်တာကြောင့် ဝမ်ရယ်တစ်ပါးလိုဖြစ်အောင် သေချာပြင်ဆင်နေလေတယ် ဘယ်လိုပဲပြောပြော သူ့ကိုယ်သူ ဗရုတ်သုတ်ခဖြစ်နေအောင်လုပ်ပြီး ဟိုကောင်လေးငြင်းအောင်လုပ်မှာမဟုတ်ဘူး နေပါအုံး..အဲ့ကောင်လေးနာမည်ကဘာ..ဝမ်..ဝမ်..အော်ဟုတ်သား..ဝမ်ရိပေါ်တဲ့ ဝမ်ရိပေါ်ကို သူကိုယ်တိုင်ငြင်းလိုက်လဲရတာပဲလေ ဘာကြောင့်အဲ့လိုလုပ်ရမှာလဲ ပြီးတောအဲ့လိုလုပ်လုပ်လိုက်ရင် တစ်ဖက်မိသားစုဟာ သူတို့တော်ဝင်မျိုးနွယ်တွေကို စိတ်ပျက်သွားမှာဖြစ်ပြီး သူတို့ကိုကိုအရိုအသေတန်သွားစေနိုင်တယ် ဒါ့ပြင်သူ၏မယ်တော်ကို အရှက်ရစေလိမ့်မယ်မဟုတ်လား

*ဒေါက်* *ဒေါက်*

"ဘယ်သူ..."

*ကျွီ*

"........"

"သားတော်!. သားတော်..ပြီးပြီလား.."

"........ပြီးပါပြီမယ်တော်"

မယ်တော်ကအမြဲတမ်းအခန်းထဲဝင်ရင် ရဲမက်တို့ကို အကြောင်းကြားစေခြင်းမရှိဘဲ ဝင်လာတာမို့ တခါး​​လေး​တော့ခေါက်ပါလို့ပြောမိတော့ နောက်ဆိုခေါက်ပါမယ်တဲ့...အခုကတခါး​တော့ခေါက်ပေမယ့်....အင်းးး...ဝင်ခဲ့ဖို့တောင်မပြောရသေးဘူး ခေါက်ပြီးပြီးချင်း ချက်ချင်းကိုဝင်လာတော့တာပဲ ဒီတစ်ခါထပ်ပြောရင်တော့ တခါးတော့ခေါက်မှာမဟုတ်ဘူး ငါပဲအခေါက်ခံရလိမ့်မယ့်..ဟင်းးးး...ဘယ်သူကယုံမှာလဲ..လူတိုင်းကြောက်ရွံလေးစားရတဲ့ စစ်နတ်ဘုရားလို့တောင်တင်စားခေါ်ဝေါ်ကြတဲ့ ဘုရင့်အစ်ကိုတော်​ရှောင်းဝမ်ရယ်ဟာ သူ့မယ်တော် ခေါင်းခေါက်မှာကိုတော့ ကြောက်ရွံတယ်ဆိုတာကိုလေ...

ရှောင်းဝမ်ရယ်ရဲ့ဝမ်ဖေးငယ်Where stories live. Discover now