Paint

181 23 0
                                    

{Unicode}

"...ငါ မင်းကို အများကြီး မပြောနိုင်ဘူး။ သိပ္ပံ စိတ်ကူးယဉ်ဝတ္ထု‌တွေအရ အတိတ်က တစ်ယောက်ယောက်ကို အနာဂတ်အကြောင်းအများကြီးပြောမိရင် အနာဂတ်မှာ အရှုပ်အရှပ် တွေဖြစ်ကုန်တယ်မလား" George က Dream ကို ပြောလိုက်တယ်။

"မင်းပြောတာလည်း မှန်ပါတယ်" Dream က သက်ပြင်းချလိုက်ပြီး "အင်း မင်းအခု ငါ့အိမ်မှာ‌နေနေတာဆိုတော့ ငါကအဲ့ကနေပြောင်းသွားတယ်ဆိုတာ ငါသိလိုက်ရပြီ"

"Sap က ဘယ်သူလဲ" George က မေးလိုက်တယ်။

"ငါ့သူငယ်ချင်း Nick။ ငါတို့က သူ့ကို Sapnap လို့ခေါ်ကြတယ် ပြီး‌တော့ မင်းဆီမှာ သူ့တယ်လီဖုန်း‌ရှိ‌နေတယ်ထင်တယ် ဒါပေမယ့် သူဖုန်းက ငါ့အိမ်ကို ဘယ်လိုလို့ ရောက်နေတာလဲမသိဘူး"

"မင်းစိတ်ရှုပ်‌ထွေးနေတာ အဲ့ဒါလား? 'မတူညီတဲ့ အချိန်က တစ်ယောက်ယောက်နဲ့ စကားပြောနေတယ်' ဆိုတာကိုရော?" လို့ George ကပြန်ထောက်ပြခဲ့တယ်။

"သေချာပေါက် အဲ့ဒါကိုလည်း စိတ်ရှုပ်ထွေးစရာလို့ ထင်တာပေါ့" အဲ့ဒါက George သူ့မျက်စံကို ပင့်တင်လိုက်တာ သိလိုက်သလိုပဲ။

"မင်းအသက်က ဘယ်လောက်ရှိပြီလဲ" Dream ကမေးတယ်။

" 24 " George သူဘာကြောင့် ဒါကို ဒီသူစိမ်းကို ပြောနေမိမှန်း မသိပေမဲ့ သူ့ရဲ့ အထီးကျန်စိတ်နဲ့ တောင့်တစိတ်က သူ့ဆီက အကောင်းဆုံးကို ဆွဲထုတ်နိုင်ခဲ့တာပါပဲ။

"ငါက 21 နှစ်" Dream က တုန့်ဆိုင်းမှုမရှိပဲ ပြန်‌ဖြေလိုက်တယ် George က ထိုသူဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့လူလို့ပဲ ယူဆလိုက်တယ်။

"မင်းက ဘာအလုပ်လုပ်တာလဲ?" George က ထူးဆန်းတဲ့ဖုန်းကြောင့် သူ့ရဲ့စိုးရိမ်စိတ်တွေနေရာမှာ စူးစမ်းချင်စိတ်ကို အစားထိုးလိုက်တယ်။

Dream ကရယ်လိုက်ပြီး "ကလေးတွေကို ငါ ဘေ့စ်ဘောနည်းပြလုပ်ပေးတယ်။ ငါကဘေ့စ်ဘော ကို ချစ်တယ်‌လေ။ မင်းရော? "

"ငါဘေ့စ်ဘောကို ချစ်လားလို့ မေးတာလား? ဒါမှမဟုတ် ငါဘာအလုပ်လုပ်လဲကို မေးတာလား" George က ပြန်မေးခွန်ထုတ်လိုက်တယ်။

Flowers From 1970 - DreamNotFound {Myanmar Fan translation}Where stories live. Discover now