အပိုင်း ၃ 🍰

2K 254 4
                                    

ကိတ်မုန့်လေးရဲ့ ကံကြမ္မာ(၃)

သူနိုးလာတော့ ညနေပင်စောင်း
နေလေပြီ ဖွင့်ထားလက်စသီချင်းမှာလည်း
ဘယ်နှစ်ခါပင် ပြီးမြောက်သွား
ပြီလဲမသိတော့ပေ။ ထို့နောက်
ကိုယ်လက်သန့်စင်ပြီးမှသာ အောက်ဆင်း
ရန်ပြင်လိုက်သည်။

‌အိမ်ကသန့်သန့်ရှင်းရှင်းလေးနဲ့ နေချင်စဖွယ်
လေးမလို့ ဒီနေရာကိုတော်တော်‌လေး
သဘောကျမိပါသည်။ အခန်းပတ်ပတ်လည်ကို
လိုက်ကြည့်ပြီးတော့မှ အိတ်ထဲကအဝတ်အစား
တစ်ချို့ကိုထုတ်ဖို့ပြင်ရတော့သည်။

၎င်းအိတ်ကိုဘယ်သူယူလာလဲ စဉ်းစားစရာ
ပင်မလိုပါဘူး။ သေချာပေါက် ဂျောင်ကုစံ
လာထားပေးသွားတာဖြစ်သည်။
အတွေးတစ်ချို့ကြောင့် မျက်နှာသစ်
နေရင်းပြုံးမိသည်။

ဂျောင်ကုနဲ့သိလာခဲ့တာ အခုဆိုတစ်လ
လောက်ရှ်ိပြီထင်တယ်။
မူတာကနေပြန်ရောက်တော့ အောက်တိုဘာ
ကုန်ခါနီးလောက်ဖြစ်မည်။ ဂျောင်ကုနဲ့က
ဒီလအစမှာ သိခဲ့ကြသည့်ပုံဖြစ်သည်။
မေမေက ဂျောင်ကုစံကိုသဘောကျ
နေတာလားမေးခဲ့တဲ့အချိန်တုန်းက
ကျွန်တော်စိတ်တွေ လှုပ်ရှားနေခဲ့တာအမှန်
စိတ်ပျက်သွားမလားဆိုတဲ့
အတွေးတွေကြောင့်လဲ ပါမည်ထင်ပါသည်။

ထိုနေ့ကမေမေပြန်ပြောလာတဲ့ စကားကို
ယနေ့ထိမေ့မရခဲ့ပါဘူး။ လှပပြီးကျက်သရေ
ရှိတဲ့ အမျိုးသမီးက သူ့ကိုစကားလုံးလှလှတွေ
သုံးပြီး နားလည်အောင်ရှင်းပြပေးခဲ့သည်။

"သားဘက်က သင့်တော်မယ့်သူကိုသာရွေး၊
မေမေကသားပျော်နေတာမြင်ရရင်ပဲ ကျေနပ်နေရမယ့်လူမလို့... ပြီးတော့သားဂျီမင်းက ဘယ်လိုကလေးမျိုးလဲဆိုတာ မွေးထားတဲ့မေမေကိုယ်တိုင်အသိဆုံးမလို့ သားရွေးလိုက်တဲ့လမ်းကသားအတွက်အဆင်ပြေမယ်ဆိုတာ မေမေသိတယ်"

ထိုစကားကြောင့်မေမေပြောသလို ဂျောင်ကုစံ
ကိုလက်မလွတ်ဖို့အတွက် ယုံကြည်ချက်
ထားနိုင်မယ်လို့မျှော်လင့်ခဲ့သည်။

တကယ့်လက်တွေ့ကျတော့ သူ့အတွက်
ခက်ခဲလွန်းပြန်ပါသည်။ ဂျောင်ကုစံက
ခန့်မှန်းမရတဲ့ပုစ္ဆာလေးတစ်ခု
လိုပဲအဖြေရှာရခက်လိုက်တာ...။

The destiny of the cakeWhere stories live. Discover now