အပိုင်း ၅ 🍰

2K 246 17
                                    

ကိတ်မုန့်လေးရဲ့ ကံကြမ္မာ(၅)

"အထဲမှာစကားနည်းနည်းပြောရင်း ကြာသွားတယ်"

"ရပါတယ်ထိုင်ပါ ဂျောင်ကုစံ"

"ဒီမှာဂျီမင်းအတွက်"

"ကျေးဇူးပါ"

"ကျေးဇူးပါအစား တခြားဟာပြောလို့ရပါ‌တယ် ကိုယ်ကကျေးဇူးရှင်ကြီးကို ဖြစ်လို့"

ရယ်သံနှောကာပြောလာ သည်ကြောင့်
သူပါလိုက်ပြုံးမိသည်။ မီးအလင်း
ရောင်ကြောင့် ဂျောင်ကုစံမျက်လုံး
တွေက ကြယ်လေးတွေအထဲမှာ
ရှိနေသလိုဘဲတောက်‌ပနေသည်။

"အကျင့်ပါသွားလို့ပါ ဟီး"

တစ်ဖန်ထပ် တိတ်ဆိတ်သွားပြန်သည်။
သူလည်းကိတ်မုန့်လေးကိုခရင်းနဲ့ ဖဲ့စားရင်း
ကောင်းကင်ကိုငေးကြည့်နေမိသည်
ပြီးနောက်တစ်စုံတစ်ခုကို သတိရသွားသည့်
ဟန်ဖြင့်ဂျောင်ကုစံ ဘက်လှည့်ကာ
ပြောလိုက်သည်။

"မီးပိတ်လိုက်လို့ရမလားဂျောင်ကုစံ.... လရောင်ကျတာလေးကိုသဘောကျလို့"

"ဟုတ်ပြီ"

ခုနကလင်းထိန်နေတဲ့ မီးလေးတွေ
ဖြည်းညင်းစွာပိတ် သွားပြီးတော့
လရောင်ကသူတို့နေတဲ့နေရာလေးဆီ
ဖြာကျလာခဲ့သည်။ အရမ်းအလင်းကြီး
မဟုတ်ပေမဲ့ ကောင်းကောင်းမြင်ရတာကြောင့်
ကိတ်သာအေးဆေးစားပြီး ဆက်ငြိမ်နေလိုက်သည်။

"ဂျီမင်းစံ..."

တိုးလျလျခေါ်သံ တစ်ခုကြောင့်
လှည့်ကြည့်မိတော့ ရီဝေဝေမျက်ဝန်းတွေဟာ
ဂျောင်ကုစံဖြင့် မလိုက်ဖက်စွာ၊
လအလင်းရောင်ကြောင့်လားမသိ ထို
မျက်ဝန်းတွေကို ကြာကြာမကြည့်ရဲတာကြောင့်
မျက်နှာလွှဲလိုက်ပြီးမှ ခေါင်းငြိမ့်
ပြလိုက်သည်။

တစ်ဆက်ထဲပင် ဂျောင်ကုလုပ်လိုက်
သည့်အမူအရာက ဂျီမင်းကိုထိုနေရာမှာပင်
သတိလွတ်သွားစေနိုင်ပါသည်။

ဘာလို့ဆိုသူ့ကိုဂျောင်ကုစံက ခုံမှထလာကာ
ဖက်လာခဲ့တာကြောင့်ဖြစ်သည်။
တစ်စတစ်စခုန်လာတဲ့နှလုံးကြောင့် ဂျောင်ကုစံ
ဖက်ထားရာမှ ဂျီမင်းလွတ်ထွက်အောင်
ဖြေးဖြေးလေးရုန်းကာ ထွက်လိုက်သည်။

The destiny of the cakeWhere stories live. Discover now