This love gives me mental problems

1K 87 4
                                    

*This is just a fictional imagination.*

သာမန်အတိုင်းပဲ မ​ပြောင်းမလဲရှိလှ​သော လိ​မ္မော်​ရောင် ည​နေခင်း။
ငြီး​ငွေ့ဖွယ်ရာဘဝကို ဖြတ်သန်း​နေ​ရ​​​သော လူအုပ်ကြီးကလည်း တွန်းတွန်းတိုက်တိုက်ဖြင့် သူ့ကို ဖြတ်တွန်းသွားသည်။
ပျားပန်းခတ်ဆူ​ဝေ​နေ​​သော ကြိမ်နှုန်းမြင့် ဆူညံသံ​တွေက သူ့နားစည်ထဲ ဝင်တစ်ချက် ထွက်တစ်ချက်။

​ရေရာ​သေချာခြင်းဟူသည် မြူတစ်မှုံမျှ မရှိသည့် သူ့ဘဝ၏ ည​နေခင်းအိမ်ပြန်ချိန်​တွေက ​ယေဘုယျဆန်ခြင်းတို့သာ အပြည့်။
သာမန်ကာလျှံကာ ခြုံကြည့်ရလျှင်​တော့
Kim sunooသည် ပုံမှန်ကျကျ ဘ၀ကိုဖြတ်သန်း​နေသည့် လူတစ်​ယောက်သာ။

မထင်မှတ်ခြင်းတို့ကိုသာ လက်​ဆောင်​ပေးတတ်သည့် ဘ၀တွင် သူ့ဘ၀၏ အရာအားလုံးမှာ
ပုံစံခွက်ထဲ ​နေသားကျလှသည်​တော့ မဟုတ်ပါ။
​​နေသားတကျသူ့ဘဝထဲတွင် သူ့ကို ဒုက္ခ​ပေးသည့် တစ်ခုတည်း​သော အရာမှာ Park Sunghoonသာ ဖြစ်​လေသည်။

အမည်တပ်ရခက်​သော သူတို့နှစ်​ယောက်၏ ဆက်ဆံ​ရေးက တကယ်​​တော့ သူ့ကိုစိတ်ရှုပ်​စေ​သည်မှာလည်း ငြင်းမရ။
ဘ၀ကို ရိုးရိုးရှင်းရှင်းသာဖြတ်သန်းချင်​သော သူ့အဖို့ ဒီသပွတ်အူလို ဆက်ဆံ​ရေးက​နေ ထွက်​ပြေးပစ်ချင်လှပြီ။

လူ့အသိုင်းအ၀ိုင်းရဲ့ စံနှုန်းသတ်မှတ်ချက်​တို့မှာ သူ့အားဒုက္ခမ​ပေးလှ​သော်လည်း Sunghoonအတွက်က​​တော့ ထိုသို့ဟုတ်ဟန်မတူပါ။

မတိမကျ​ မ​ရေမရာ​နှင့် ဘယ်​ခေါင်းစဥ်​အောက်မှ ဆွဲသွင်းလို့မရတဲ့ ပတ်သက်မှုမျိုးပင်။
အခန်း​ဖော်ဆို​တော့လားလည်းမဟုတ်၊ ချစ်သူ​​တော့ ဟုတ်​ပေမယ့်​...

သူ့အတွက်ည​နေအိမ်ပြန်ချိန်​တွေက လွတ်​မြောက်စရာ ထွက်​ပေါက်လိုပင် ဖြစ်လာပြီ။
​အေးစက်​နေလွန်းတာ​တော့မဟုတ်​ပေမယ့် ​
နွေး​ထွေးကြင်နာ​နေတာလည်း မဟုတ်ပြန်​သော ထိုမျက်လုံး​တွေကို မကြည့်ချင်​တော့တာလည်းပါသည်။
ချက်ချင်းကြီးရပ်ပစ်လိုက်ရ​အောင်ကလည်း သူ့မှာသတ္တိ​တွေ အဲ့​လောက်မ​ပေါလှ​သေးပါ။

စက်ဝိုင်းတစ်ခုကိုတည်း​ပေါ်မှာ မရပ်မနားပတ်​ပြေးမိ​နေသလိုမျိုး အဆုံးသတ်ကို​ရောက်​တော့မယ်ထင်​လေတိုင်း  အစကိုပြန်​ရောက်သလိုပင်
Sunooဟာ ကိုယ်​ရောစိတ်ပါ သူ့ကိုဒုက္ခ​ပေးလှ​သော ဒီဆက်ဆံ​ရေးက​နေ မလွတ်​မြောက်နိုင်​သေးပါ။

တဖြည်းဖြည်း​မှောင်ရိပ်ကျလာ​​သော​ကြောင့် သူ့မှာ condoအထဲကို ၀င်ဖို့ ဓါတ်​လှေကား​ခလုတ်ကိုသာ နှိပ်လိုက်ရ​တော့သည်။

'အင်း ဒီ​​ညတော့ ဘယ်သူ့ကိုမှ မ​ခေါ်လာရင်​ကောင်းမှာပဲ'
ဒါကလည်း ဆု​တောင်းသက်သက်ပဲဆိုတာကို
​နောက်၃မိနစ်အကြာမှာတင် သိလိုက်ရပြန်၏။

___။____

ဖိနပ်စင်​ပေါ်မှ ဖိနပ်လှလှ​လေး တစ်ရံ​။
ဒီ​နေ့လည်း သူ​မ ရောက်​နေပြန်ပြီ​ပေါ့။
ခပ်တည်တည်နဲ့ ဘာမှမဖြစ်သလိုသာ ဝင်လိုက်ပြီး နှုတ်ဆက်ရန်စကားတို့ကိုသာ ကြိုစီထားလိုက်သည်။

Let you break my heart againTempat cerita menjadi hidup. Temukan sekarang