ကော်ဖီတစ်ခွက်ကို ဇိမ်ခံသောက်ရင်း အရှေ့က
ဥဒဟိုသွားလာနေသည့် လူတွေကို
Sunghoon ငေးငိုင်ပြီးသာ ကြည့်နေမိသည်။
ပထမဆုံးနှင်းကျသည့်ရက်မို့ cafeထဲမှာကလည်း လူတွေအပြည့်။သူတစ်ယောက်တည်းသာ အဖော်မပါပဲ
တစ်ယောက်တည်း။
တဖွဲဖွဲကျနေသည့် နှင်းစက်တွေကလည်း အခုတော့ အရင်လောက်ကြည့်ရတာ မလှတော့သလို။စိတ်ထဲရှုပ်ထွေးနောက်ကျိခြင်းတို့က စုပြုံတိုးလာသည်နှင့်အမျှ ကော်ဖီခွက်ထဲကဇွန်းကိုသာ
တရစပ် ထိုင်မွှေနေမိသည်။
သူဒီတစ်ခါလည်း တွေဝေရပြန်ပြီ။
Sunooက ဒီတစ်ခေါက်လည်း အိမ်ကို
ပြန်မလာတာ ၃ပတ်တောင်ရှိပြီ။Miraကို သူပြောလိုက်တယ့်စကားက တကယ်ဘာအဓိပ္ပါယ်မှကို မပါပါဘူး။
Sunooကဘာလို့ ဒီလောက်အထိ စိတ်ဆိုးရသလဲ ဆိုတာကိုတော့လည်း သူနားလည်ပြန်ပါသည်။
သူMiraကိုလည်း ထပ်မဆက်သွယ်တော့ပါ။
ဟိုရက်ကလို ထပ်လာနေမည်စိုး၍ အခန်း
Passwordတောင် ပြောင်းထားခဲ့သည်။အရင်လိုသာဆိုရင်တော့ သူချက်ချင်း Sunooကို
သွားပြန်ခေါ်မိမှာပါပဲ။
ဒါပေမယ့် ဒီ၄နှစ်အတွင်းမှာ သူကတော့ သူ့ပုံစံအတိုင်း မပြောင်းမလဲရှိနေပေမယ့်
Sunoo ...Sunooကတော့ တခြားလူတစ်ယောက်လို ပြောင်းလဲသွားသလိုပဲ။ကြိတ်မှိတ်သည်းခံရပါများလွန်း၍
Limitကုန်တော့မယ့် ပစ္စည်းတစ်ခုလို။
သူ့ဘေးမှာရှိနေချင်တာ တစ်ခုအတွက်နဲ့
သူ့စံနှုန်းတွေကို အကုန်ရိုက်ချိုးခဲ့သည်ကိုလည်း
Sunghoon ရိပ်မိပါသည်။သူကသာ မလွတ်ပေးပဲ ဆွဲထားရင်
တစ်သက်လုံးတည်မြဲနေမည့် ဆက်ဆံရေးဟု
သူထင်မှတ်ထားသည့်အတွေးကလည်း
အခုတော့ တစ်စတစ်စနှင့် ယိမ်းယိုင်လာပါပြီ။
သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက
သက်တမ်းကုန်တော့မယ့် Productတစ်ခုနဲ့
မခြားတော့။ရုတ်တရက်မြည်လာသော Message notificationကြောင့်
သူ့အတွေးတို့ ရပ်တန့်သွားရသည်။"Park sunghoon အခန်းpasswordကို
ဘာလို့ပြောင်းထားတာလဲ
ငါအခု၀င်လို့မရတော့ဘူး"Messageလေးတစ်စောင်က သူ့ကို ဒီလောက်အထိ သက်ရောက်မှုရှိစေလိမ့်မည်ဟု
သူ မထင်မှတ်ထားခဲ့ပါ။
ရှိသမျှပစ္စည်းတို့ကို ကောက်သိမ်းပြီး
သူအိမ်ရှိရာသို့သာ အမြန်ပြေးမိတော့သည်။တစ်ဖက်ကလူက နာကျင်နေမှန်းသိရက်နှင့်တောင် အဆုံးထိမလွတ်ပေးချင်သေးသည့်
တကိုယ်ကောင်းဆန်မှုက သူ့ကို ဒုက္ခပေးတော့မည်ကို မသိခဲ့ပဲနှင့်ပေါ့။___။______
Sunoo နာရီဝက်နီးပါး အခန်းရှေ့မှာ ထိုင်စောင့်နေရသည်ကြောင့်
စိတ်ကတိုချင်လာရပြန်သည်။'ပြန်တာပဲကောင်းမယ်။
လာမိတာကိုကမှားတာ'
ဓါတ်လှေကားဆီသို့ ဦးတည်မည်အပြု ပွင့်လာသည့် ဓါတ်လှေကားတံခါးဆီမှ သူ့ဆီအပြေးလာသည့် Park sunghoon။