Part : 3

1.2K 232 6
                                    

10122022

" မင်္ဂလာပါရှင်... "Healthy Friday" အစီအစဉ်မှ ကြိုဆိုပါတယ်... ဒီတစ်ပတ်သောကြာနေ့မှာဆိုရင် ကျွန်မတို့ channel ကနေ ထုံးစံအတိုင်း ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဆောင်ရန်ရှောင်ရန်များနဲ့ ကျန်းမာရေးသတင်းများကို တင်ဆက်သွားမှာပဲဖြစ်ပါတယ်... ပထမဆုံးအနေနဲ့  food allergy နဲ့ food intolerance အကြောင်းကို ပရိတ်သတ်ကြီးအတွက် မျှဝေပေးသွားမှာပါ... "

သင်္ချာပုစ္ဆာများဖြေရှင်းရင်း နားကြပ်ထဲက ကြားနေရသော ကျန်းမာရေးသတင်းများကို ရှောင်ဇီ နားစွင့်နေမိသည် ။

သူ့ နားကြပ်ပလပ်ခေါင်းကလေးမှာတော့ အညိုရောင် ရေဒီယိုလေးထဲ အံဝင်ခွင်ကျဝင်လျက် ။

ဒီလိုခေတ်ကြီးထဲ ရေဒီယို အသုံးပြုသေးသူဆိုလို့ တစ်ကျောင်းလုံးတွင် ရှောင်ဇီ တစ်ယောက်သာရှိမည်ထင်ပါသည်။

ကျောင်းသားအများစုက ဒီဘက်ခေတ်ကြီးထဲ ရေဒီယိုသုံးနေသေးသော ရှောင်ဇီ့ကို 'တောသား' ဟု ခေါ်ကာ တခါတရံ သရော်တတ်ကြသည်။

သို့သော် ဘယ်သူဘာပြောပြော ရှောင်ဇီကတော့ ဂရုမစိုက်ပေ။

အဓိကက သတင်းအချက်အလက်များနှင့် စာလေ့လာနည်းများကို ကုန်ကျစရိတ်သက်သက်သာသာနှင့် သိခွင့်ရဖို့သာ အရေးကြီးသည်မဟုတ်ပါလား။

" နောက်ထပ် ကျန်းမာရေးသတင်းကတော့... စိတ်ဝင်စားစရာပါပဲ... နောက်ပြီး ထူးလည်း ထူးဆန်းပါတယ်... အဲ့ဒီသတင်းကတော့ အသက်၂၀ အရွယ် Beta လူငယ်တစ်ဦး Alpha အဖြစ် ပြောင်းလဲသွားတဲ့ သတင်းပါ... အနှစ်နှစ်ဆယ်လောက် ဗီဇလက္ခာ ငုပ်လျှိုးနေခဲ့တဲ့ Alpha ဆိုတော့ ပြောင်းလဲသွားတယ်ဆိုတာထက် ဖွံ့ဖြိုးမှုနောက်ကျတဲ့ Alpha လို့များ ဆိုရမလား... "

နားကြပ်ထဲက ကြားလိုက်ရသော ထူးထူးဆန်းဆန်း သတင်းကြောင့် ရှောင်ဇီ ရေဒီယိုပေါ်မှ အသံအတိုးအလျှော့ ဒလိမ့်လေးကို လှိမ့်လိုက်မိသည်။

" ဟုတ်ကဲ့... Gender အပြောင်းအလဲကြောင့် ရုပ်ပိုင်းဆိုင်ရာအပြင် စိတ်ပိုင်းဆိုင်ရာပါ အနည်းငယ် မတည်မငြိမ်ဖြစ်နေသေးတဲ့ Beta လူငယ်လေးဟာလက်ရှိမှာတော့ "ဇေယျာ အဆင့်မြင့် ဆေးရုံ ဌာနခွဲ-၄" မှာ ကုသမှုခံယူနေတယ်လို့ဆိုပါတယ်... လေ့လာစမ်းစစ်သူ ဆရာဝန်ကြီးတွေကတော့ လူငယ်လေးရဲ့ ရောဂါနဲ့ ပတ်သက်လို့ ဖော်ပြထားတဲ့ အသံဖိုင်ထဲက အတိုင်း ဆိုထားပါတယ်...

FriDayDonde viven las historias. Descúbrelo ahora