Part(1)U

166 7 0
                                    

 ရွာသစ်ကျေးရွာ၏ လူနာတင်ယာဥ်ဆီမှ အရေးပေါ်လူနာလာမည်ဖြစ်ကြောင်း ဖုန်းနှင့် ကြိုတင်အကြောင်းကြားထားသည်မို့ မြတ်ကုဋေဟိန်းခွဲစိတ်ခန်းဝင်ရန် လိုအပ်တာများ ပြင်ဆင်ထားလိုက်ပြီး လူနာရောက်လာသည့်နှင့် အဆင်သင့်ဖြစ်စေရန် လက်ထောက်ဆရာဝန်နှင့်သူနာပြုဆရာမတို့အား လိုအပ်တာတွေပြင်ဆင်ရန် ခိုင်းစေထားလိုက်သည်.. ။

သိပ်မကြာခင်အချိန်ပင်...ရွာလမ်းမဆီမှ အရေးပေါ်ကားသံက ဆေးရုံရှိရာသို့ ဦးတည်လာနေခဲ့သည်..။

  ""တီး...တော်...တီး..တော်...'''

အရေးပေါ်ကားဆေးရုံရှေ့ဆိုက်ရောက်သည်နှင့်
လူနာအားသယ်ဆောင်ကာ အရေးပေါ်အခန်းသို့ပို့ဆောင်ရန် ညွှန်းကြားလိုက်ပြီး...လူနာ၏ အနောက်ကပ်ပါလာသည့်လူအား...။

""လူနာက... ABသွေးဆိုတာမှန်ပါတယ်နော်..''

""ဟုက်ပါတယ်ဆရာ...''

ကုဋေ သူနာပြူဆရာမအား လိုအပ်သည့် သွေးထုတ်ယူထားရန် ပြောလိုက်ပြီး ခွဲစိတ်ခန်းဝင်ရန် ပြင်ဆင်လိုက်တော့သည်...။

အရေးပေါ်ခန်းထဲရောက်တော့ သတိကြီးသည့် လူနာက ကုဋေလက်ကိုကိုင်ကာ အားယူပြီး မပွင့်တပွင့်အသံဖြင်စကားပြောရှာသည်...။

""ခလေး...မလေး...ဘာမှမ ...ဖြစ်ဘူး...မဟုက်လား..''

ထိုသို့ပြောပြီးပြီး မေ့မြောသွားသည့်ကြောင့်လူနာအား ကုဋေ အံသြသွားရသည်..။

ကိုယ်တိုင်က သွေးထွက်လွန်ပြီး မေ့မြောခါနီးအချိန်တောင် သူများအတွက်စိတ်ပူပေးနေသည့်ထိုလူသားကရဲ့စိတ်က ဘယ်လိုမျိူးလည်းဆိုတာ ကုဋေသိချင်လှပါသည်...။

လူနာ၏ ညာဘက်ပုခုံးက အားပြင်းသည့်တစ်ခုခုနှင့်ရိုက်မိထားသလိုမျိူး ကျောပြင်အထိ ဒဏ်ရာကြီးက အတော်ပင်ကြီးမားနေသည်..။

ထိုအပြင် မီးလောင်ကွက်တွေက မျက်နှာနှင့်လည်ပင်းတစ်လျှောက်လုံးအတော်များများထိခိုက်ထားသည်ပင်...။

သွေးထွက်လွန်ထားသည်မို့ လူနာကဖြူဖျော့ဖျော့ပင်ဖြစ်နေသည်....။

လူနာအား ခွဲစိတ်ခန်းရှိကုတင်ပေါ်သို့ ပြောင်းတင်လိုက်ပြီး လိုအပ်သည့် ကုသမှုများကို ကုဋေတို့စတင်လုပ်ဆောင်ကြရသည်..။

မေတ္တာဖြင့်ဖွဲ့ထုံးချည်နှောင်သော်(ongoing) Donde viven las historias. Descúbrelo ahora