ကိုကို...ကျွန်တော် ဝေခွဲမရတော့ဘူး Zawgyi

59 2 2
                                    

ထိုင်းမှာ လိင်တူ တရားဝင် လက်ထပ်လို့မှ မရတာ
Film ဒါနောက်စရာမဟုတ်ဘူး သတိထားပြီးပြက်လုံးထုတ်သင့်တယ်.........

ကိုကိုတစ်ယောက် Fan meeting အပြီး တောင်းပန်စာတင်ခဲ့ရသည်။ ကျွန်တော်တို့ ပွဲတုန်းက ထုတ်ခဲ့တဲ့ ပြက်လုံးတစ်ခုကြောင့်...
တခြားသူများအတွက်တော့ ဟာသဖြစ်ချင် ဖြစ်နေမည်။ ကျွန်တော့်အတွက်တော့ ဟာသမဟုတ်ခဲ့။

ကျွန်တော် ငယ်ငယ်က ရည်းစားထားခဲ့ဖူးသည်။ လိင်စိတ်ခံယူမှုများထက် "လူတစ်ယောက်က လူတစ်ယောက်ကို ချစ်သည်" ဟု ခံယူထားသော ကျွန်တော့်အဖို့ ငယ်စဉ်က ထားခဲ့ဖူးသော ချစ်သူမှာ မိန်းကလေးဖြစ်သော်လည်း သိသိသာသာ ကွာခြားပြောင်းလဲမှုတော့မရှိ။ ပြောင်းလဲသည်ကား ချစ်ခြင်းအတိမ်အနက်သာဖြစ်သည်။

ကိုကိုတစ်ယောက် Instagram မှာ Story တင်ခဲ့သည်။ ကျွန်တော့်ကို Broooo ဟုခေါ်ဝေါ်ခဲ့သည်။ ကိုကို့အ​ကြောင်းကို ကျွန်တော် ကောင်းကောင်းသိသော်လည်း ပရိသတ်များမှာတော့ လောင်မြိုက်ရတော့သည်။

ကိုကို ပြောင်းလဲသွားမှာ ကျွန်တော် ပြောင်းလဲသွားမှာကို ကြောက်ကြခြင်းဖြစ်သည်။

ကိုကိုသည် သူနှင့် တွဲဖက် ပါတနာမှန်သမျှကို ဂရုစိုက်သည် ကြင်နာသည် ဖေးမသည် တန်ဖိုးထားသည်။
ကျွန်တော့ကိုတော့ ထိုအရာများအပြင် ဆုံးမတတ်သည် ဆိုသည့်အရာလေးတော့ပိုသည်။ ကိုကိုရိုက်ခဲ့ဖူးသမျှ ကားများကို ဒီလောက်ထိ ဝက်ဝက်ကွဲ ပရိုမိုးရှင်းမဆင်းခဲ့။ မဂ္ဂဇင်းများလည်း လက်မလည်အောင်မရိုက်ကူးခဲ့။ ရှာကြံပြောရမည်ဆိုလျှင် ကိုကို့ အလုပ်ပါတနာများထဲတွင်ကား ကျွန်တော်သည် ကိုကိုနှင့် အလုပ်တူတူအလုပ်ရဆုံး၊ အနားတွင်မြဲနေရသူဖြစ်သည်။
ထိုကဲ့သို့ပင် ကိုကို့ထံပါးတွင် တစ်သက်တာ မြဲနေချင်သည်။ ကျွန်တော်လောဘများကြီးမိသွားသလားမသိ။

လူဟူ၍ဖြစ်လာလျှင် လောဘကား အတောမသတ်။ ပို၍ ပို၍ လောဘတက်လာမိသည်။ ကိုကို့ကို ပိုင်ဆိုင်ချင်သည်။

သို့သော်...............

ကျွန်တော် ကြောက်သည် ကိုကို့ကို ဆုံးရှုံးရမှာ ကျွန်တော်ကြောက်သည်။

ကျွန်တော် အစ်ကို့ကို သိပ်ချစ်ပါသည်။ Wo Geschichten leben. Entdecke jetzt