🎊Happy New Year 🎊Unicode

162 8 1
                                    

လာမည့် Episode အတွက် Spoiler....
Jam နဲ့ Film ၏ နှစ်ဦးသား အချစ်စမ်းသည့် ဂယက်များအပြီးတွင် Film တစ်ယောက် Jam ကို အရှုံးပေးပြီး ချစ်သူအဖြစ်လက်ခံလိုက်ရသည်။...
______________________________________________________________

New Year Eve  ~ Happy New Year

"ထုခွန်တို့ အခုဆက်လက်ဖျော်ဖြေမှာကတော့ Film ဖြစ်ပါတယ်"
New year event အတွက် Film ပွဲတက် schedule ရှိနေသဖြင့် ပွဲသို့ရောက်ရှိနေပြီဖြစ်သည်။ ပွဲသို့ရောက်ရှိနေသော်လည်း စိတ်ကမဖြောင့် ဖုန်းကိုသာတကြည့်ကြည့်။ အလုပ်နှင့် ကိုယ်ရေးကိုယ်တာကို ခွဲခြားနိုင်သော Professional တစ်ဦးဖြစ်သည်ကြောင့်သာ ပျော်ရွှင်နေပုံ ဖျော်ဖြေနေရသော်လည်း ကောလဟာလနှင့်ပတ်သက်၍ ဖြေရှင်းချက် တစုံတရာ မပေးသော ချစ်ရသူကို စိတ်ပူရင်း စိတ်ကောက်ရင်း သောကပင်လယ်ဝေနေသည်။

အကြောင်းကား Korea Dispatch ကဲ့သို့ လက်စောင်းထက်သော အတင်းအဖျင်းသတင်းဌာနက Jamတွင် ချစ်ရသူကောင်မလေးရှိနေပြီဟု အကိုးအကားနှင့် Tweet ထားခြင်းကြောင့်ဖြစ်သည်။ Jam တစ်ယောက် မော်ဒယ် ကောင်မလေးနှင့် Date ခဲ့ဖူးသည်၊ အဲ့ကောင်မလေးနှင့် ပြန် Date နေဟန်တူသည် ဟူ၍တင်ထားခြင်းဖြစ်သည်။ Film သည် ချစ်သူတစ်ယောက်အဖြစ် သဘောထားမသေးသော်လည်း ထိုနေ့ညက အဲ့ကောင်မလေးနှင့် သွားတွေ့သည်မှာ အမှန်ပင်ဖြစ်သောကြောင့် အကြောင်းရင်းမေးရာတွင် Jamမှ အဖြေမပေးလာသဖြင့် နှစ်ယောက်သား စိတ်ကောက်ပြီး ဖုန်းမပြော စာမပို့ အဆက်အသွယ်မရသည်မှာ ၃ရက်ခန့်ရှိပြီဖြစ်သည်။

စိတ်ကောက်နေသည်မှာ အမှန်ပင်ဖြစ်သော်လည်း ချစ်သူထံမှ ဖြေရှင်းချက်ကို ကြားချင်သည်၊ ဖော်ပြတတ်သူမဟုတ်သော်လည်း ချစ်မိပြီ ဖြစ်သောကြောင့် စချော့လာလျှင် ခွင့်လွှတ်ပေးဖို့ ဆုံးဖြတ်ထားသည်။ သို့​ေသာ်ချစ်ရသူမှာ စာလည်းမလာ သတင်းလည်းမကြား။ မန်နေဂျာတူသော်လည်း သွားမေး၍မဖြစ်။ မာမီသိလျှင် နှစ်ယောက် ဆက် Date မရတော့မှာ Film ကြောက်သည်။ မာမီ ဆိုသည် JamFilm တို့၏ မန်နေဂျာဖြစ်သည်။ Dating ကို ကုမ္ပဏီက ခွင့်မပြုထား။ တားမြစ်ထားတာမဟုတ်သော်လည်း နာမည်တက်နေချိန်တတ်နိုင်သမျှ ရည်းစားမထားရန် တောင်းဆိုထားသောကြောင့် ဖြစ်သည်။
..................
"Film ဘာဖြစ်နေတာလဲ"

You've reached the end of published parts.

⏰ Last updated: Jan 15, 2023 ⏰

Add this story to your Library to get notified about new parts!

ကျွန်တော် အစ်ကို့ကို သိပ်ချစ်ပါသည်။ Where stories live. Discover now