သီဟမောင်ထင်...
ထနောင်းကုန်းရွာအလယ်ပိုင်းမှ ဦးမြတ်ထင်...ဒေါအေးအေးမိတို့၏အကြီးဆုံးသားမောင်နှမနှစ်ယောက်သာရှိပြီး ကြောင်နှင်ကြွက်ကဲ့သို့ တစ်ခါမှမတည့်ဘူးသည်မရှိ..။
သီဟမောင်ထင်ကရပ်ကျော်ရွှာကျော်တစ်ယောက်ဆိုလည်းမမှားပေ..။
တစ်ရွှာလုံးမှာသူကြောက်တာဆိုရင် ရွှားဦးကျောင်းဆရာတော်မှလွှဲရျ် ကျန်တဲ့သူဆို
ဖုတ်လေတဲ့ငပိရှိတယ်တောင်မထင်သည့်သူ...။
ဆရာတော်၏ကြိမ်လုံးမှတပါး တခြားကြောက်စရာမရှိ...။သုတမင်းပိုင်....
လက်ပံကုန်းရွာအရှေ့ပိုင်းမှ ဦးမင်းပိုင်..ဒေါ်ဇာဇာလင်းတို့၏အငယ်ဆုံးသား...။
ဖြူဖြူသေးသေးလူရည်သန်သန့်လေးဆိုပေမယ့် ရုပ်ရည်နှင့်မလိုက်အောင် ထစ်ခနဆို ရိုက်ပြီးသားဆိုသည့်အထဲက...။
ပျော့ပျော့လေးနှင့်ဆိုးသည့် သားဖြစ်သူအား အဖေလည်းမနိုင်သလို အမေလည်းလွှတ်ထားရသည်..။
အဖိုးဖြစ်သူနှင့်ရွှာဦးကျောင်းဆရာတော်တို့
မှလွှဲရျ် ကြောက်ရမည်သူမရှိသလောက်ပင့်..။ရွာနှစ်ရွာကခေတ်အဆက်ဆက်ကထည်းက လူကြီးတွေသာအဆင်ပြေခဲ့ပြီး လူငယ်တွေကြားမှာတော့ အခုအချိန်အထိ အခြေအနေတွေကတင်းမာဆဲပင့်..။
မမျှော်လင့်ဘဲ လက်ပံကုန်းရွာ၏ ဘုရားပွဲတွင် နှစ်ဖက်ရွာက ရပ်ကျော်ရွာကျော်တွေ တွေဆုံကြသည့်အခါ...။
YOU ARE READING
မချည်ဘဲဖွဲ့သည့်ကြိုး
Romanceအမှတ်တမဲ့လေးတွေမှ အမှတ်တရလေးတွေအဖြစ်နှင့်ချစ်မိခဲ့ကြသည့်အခါ...။