လက်ပံကုန်းရွာ၏ဘုရားပွဲ..။
နာမည်ကြီး ဇာတ်အဖွဲ့ငှားထားသည်မို့ ပွဲစျေးတစ်ခုလုံးက တိုးရျ်မပေါက်အောင်ပင် ကြိတ်ကြိတ်တိုးစည်ကားနေသည်..။
ဟိုးအရင်ထဲကနှစ်စဥ် တပေါင်းလဆို ဘုရားပွဲ
ထည့်နေကြအစဥ်ရှိခဲ့တာပင်..။
ဘုရားပွဲထည့်သည်က လက်ပံကုန်းရွာထဲမဟုက်ဘဲ ကပ်လျှက်ရွှာဖြစ်သည့် ထနောင်းကုန်း၊ သပြေကုန်း၊သခွပ်ပင်ကုန်း၊ဒရယ်ကုန်း၊ရွှာသစ်ကုန်း၊ကြခတ်ကုန်း၊ကညင်ကုန်း၊ဖအောင်းကုန်း
စသည့် ရွာကိုးရွာတရွှာလျှင် သုံးရက်နှုန်းဖြင့်ကျင်းပသည်မို့ ပွဲတွေက ဆက်တိုက်လိုပင်.။လူအများလာသည်မို့ ပြသနာဖြစ်ကြပေမယ့်
ရိုက်တာနှက်တာမျိူးတော့မဖြစ်ကြပေ..။မဖြစ်ဆို ရွာ(9)ရွာလုံး၏ ကျောင်းတိုင်းဘုန်းကြီးတွေက ပွဲတွေမစခင်ကထည်းက အမိန့်မှာထားသည်မို့ ဘယ်သူမှမလှုပ်ရဲ့သည်ကို..။
တစ်ခါမှ မတည့်ကျသည့် လက်ပံကုန်းရွာနှင့်
ထနောင်ကုန်းရွာကတော့ အထူးထိန်းသိမ်းရသည့်အဖွဲထဲ ထိပ်ဆုံးကပါဝင်နေသည်..။ပွဲမစခင်ကတည်းက ပွဲခင်းထဲ ထိတ်တုံးပါချထားသည်မို့ နှစ်ရွာလုံးက ကာလသားတွေ
ရန်မဖြစ်အောင်ကိုယ်ဘာသာကြည့်ရှောင်နေရတော့သည်..။ပွဲစျေးထဲရှိ ''ဘဝမှန်''ဆိုသည့် အရက်ရောင်း
သည့်ဆိုင်တွင်...သုတမင်းပိုင်တို့အုပ်စု အဖွဲ့ကျကာ တစ်ဆိုင်လုံးလိုလို သူတို့အသံတွေနှင့်သာ လွှမ်းမိုးနေသည်..။""သားပေါက်တို့ သောက်ချင်တာသောက် စားချင်တာစား..ငါဒီညအကုန်ရှင်းမယ်''
ပိုက်ဆံအပြည့်ထည့်ထားသည့်ဘေးလွယ်အိပ်ကိုပုတ်ပြကာ အကုန်ဒကာခံမည့်ပုံစံဖြင့် ဦးဆောင်နေသည်က သုတမင်းပိုင်မှလွဲရျ်တစ်ခြားသူမဖြစ်နိုင်..။
""ဟ....မင်းကထောလိုက်ချည်လား...''
""ထောဆို စပါးခိုးထားတာကိုဟ..''
"" မင်းကဘယ်လောက်တောင်ခိုးထားလို့လည်း..''
""စပါးတစ်ရာ100ခိုးထားတာ..အဲ့တော့လျှံနေတယ်''
YOU ARE READING
မချည်ဘဲဖွဲ့သည့်ကြိုး
Romanceအမှတ်တမဲ့လေးတွေမှ အမှတ်တရလေးတွေအဖြစ်နှင့်ချစ်မိခဲ့ကြသည့်အခါ...။