Chapter-1

430 48 0
                                    

Chanyeol'pov

ကျွန်တော် ... Kris နဲ့ Tao က အရမ်းခင်တဲ့သူငယ်ချင်းတွေပါ ပြောရမယ်ဆိုရင်တော့ 7 နှစ် 8 နှစ်လောက်ကတည်းကပြောမနာဆိုမနာတွေပေါ့

ဒါမဲ့ ကျွန်တော်ကတစ်ယောက်တည်းသမား ... ဆိုလိုချင်တာကတော့ Kris နဲ့ Tao ကချစ်သူတွေ ဟုတ်ပါတယ် 'gay couple' ပေါ့ အဲ့နှစ်ကောင်ကတစ်ကယ့်ကိုမျက်စိဆံပင်မွှေးဆူးချင်စရာပါ လူရှေ့သူရှေ့လည်းမရှောင်ဖူး ဖက်ချင်ဖက်လိုက်တာပဲ နမ်းချင်ရင်လည်းနမ်းလိုက်တာပဲ သူ့တို့နှစ်ယောက်နဲ့အတူတွဲသွားရတာ အတော်တော့မျက်နှာပူသား ...

ကျွန်တော်အရှေ့မှာဆိုပိုဆိုးသေး ဘာပဲဖြစ်ဖြစ် အဲ့နှစ်ယောက်ကကျွန်တော့်ရဲ့အချစ်ဆုံးတိုင်ပင်ဖော်တိုင်ပင်ဖက်သူငယ်ချင်းတွေပဲလေ...

အဟမ်းကိုယ့်ကိုယ်ကို ကြွားတာတော့မဟုတ်ပါဖူး ကျွန်တော်ကကျောင်းမှာဆို King လေ ပြောရမယ်ဆို သုံးယောက်လုံးက popular တွေပါ

ကျွန်တော်ကအစကတည်းက ဖော်ဖော်ရွေရွေနေတတ်တယ် စာလည်းတော်တယ် အနည်းလည်းအနေအေးတယ် ပီးတော့ positive personal တွေကြီးပဲဆိုတော့ နာမည်ကြီးတာမဆန်းပါဖူး ကျောင်းကကောင်မလေးတွေက ကျွန်တော်တို့ကို တွေ့ပီဆို သည်းသည်းလှုပ်ပဲ ဟိုနေရာတွေ့ရင် အော်နေကြ ဒီနေရာမှာတွေ့ရင်လည်း love letter တွေအတင်းထိုးပေးကြနဲ့ စိတ်ရှုပ်ဖို့ကောင်းတယ် အဲ Kris နဲ့ Tao တို့လည်းအဲ့လိုခံရတာပဲ သူတို့နှစ်ယောက် couple ဆိုတာတစ်ကျောင်းလုံးမပြောနဲ့ တစ်ခြားကျောင်းတွေကပါ Gay couple ဆိုတော့ သိကြတာတောင်မှ ကောင်မလေးတွေကအတင်းပဲ ... King တွေဆိုတော့လည်းဗျာ နားလည်ပေးကြပေါ့

ကျွန်တော်တို့တွေက အထက်တန်း တက်နေကြတုန်းပါ အခုဆိုနောက်ဆုံးနှစ်လေ ... အခုထိလည်းအခင်အမင်မပြတ်ကြသေးပါဖူး...

အဲ့နှစ်ကောင်က တပူးပူးတတွဲတွဲဆိုတော့ ကျွန်တော်ကအလိုက်တသိသိနဲ့ ရှောင်ပေးပါတယ် ကျွန်တော်ကတော့ အထက်တန်းသာပီးတော့မယ် အခုထိ ရည်းစားထားဖို့အကြောင်းကို ခေါင်းထဲမထည့်ထားခဲ့ပါဖူး ... ကျွန်တော့်ရည်မှန်းချက်ဖြစ်တဲ့ အောင်မြင်တဲ့အနုပညာရှင်ဖြစ်အောင်ပဲကြိုးစားချင်တာပါ ဒါမဲ့ ... လူ့ဘဝဆိုတာ ခန့်မှန်းရတဲ့အရာမှမဟုတ်တာ ဘယ်အချိန်မှာ ဘယ်လိုဖြစ်မယ်ဆိုတာ ပြောလို့မရဖူးလေ ... ကျွန်တော်လည်း အခု နှစ်ဝက်လောက်ရောက်တော့မှ ကံကြမ္မာအရ ကျွန်တော့်ရဲ့ဘဝလည်း ပြောင်းလဲလာခဲ့ပါတယ် ...

2nd Chance to have him[ Boy × Boy Fiction]Onde histórias criam vida. Descubra agora