Nothing Lasts Forever {1}

69 8 0
                                    

1985ခုနှစ် ဇူလိုင်လရဲ့  ညတစ်ညလေး

ဘူဆန်မြို့ရဲ့ မြို့စွန်မှာရှိတဲ့ ဘယ်အိမ်နှင့်မျှ ရောနှောစွာရှိမနေတဲ့ ကြီးကျယ်ခမ်းနားလှတဲ့ စံအိမ်တော်ကြီး

ကြည့်လိုက်ရုံတင် စံအိမ်ရဲ့အမြင်က ကြွယ်ဝ
တ့င်တယ် နေတာမျိုး

ဘယ်သူ့နှင့်မျှရောရောနှောနှောမနေသည့်အပြင်ဘက် မြို့စွန်နားမှာရှိတဲ့ တစ်ခုတည်းသောစံအိမ်ရဲ့ ခန့်ထည်မှုကို ကြည့်ရံုနဲ့ ဒီအိမ်ပိုင်ရှင်များ မည်မျှခက်ထန်မလည်းဆိုတာ ခန့်မှန်းလို့ရလောက်ပါရဲ့

လပြည့်ည ဖြစ်သည့်အလျောက် အိမ်ကြီးပေါ်ကို လရောင်ထင်းထင်းကကျရောက်နေလေသည်။

ပတ်၀န်းကျင်ကတိတ်တိတ်ဆိတ်ဆိတ်  အပ်ကျသံပင်ကြားရတဲ့အထိ

သို့‌ေပမယ့် ဒီအိမ်ကြီးမှာတော့ အပ်ကျရင်တောင်ညကြားမည့်ပံုမပေါ်ကြပါ

အကုန်လုံးအိပ်မောကျနေလေသည်လေ အလုပ်သမားတွေကလည်း နေ့ခင်းအလုပ်လုပ်ရသည့်အလျောက် ပင်ပန်းမှုကြောင့် နိုးမည်မထင်
အိမ်ကြီးရှင်များလည်း ထို့အတူပင်

ထိုသည်ကို အခွင့်ကောင်းယူ၍ အလုပ်သမားတွေအတွင်တောက်ထားတဲ့ အဆောင်လေးနား ကပ်လာတဲ့ အရပ်လေးတစ်ခု

တရွေ့ရွေ့နဲ့ အရိပ်ခြေနေကြည့်ပြီး လသာသာကို အားထားပြီး တိတ်တိတ်လေးလျောက်လာပြီး အလုပ်သမားအတောင်လေးရဲ့ ညာဘက်ဆုံးကအခန်းကျဉ်းလေး ပြူတင်းပေါက်နားရောက်သောအခါ
"မင် မင်ယောင်း ငယ်"

အသံတိုးတိုးလေးဖြင့် အသာယာခေါ်ပြီး ပြူတင်းပေါက်လေးကို တိတ်တိတ်လေး လက်သည်းလေးနဲ့ ခေါက်လိုက်လေသည်
"ဒေါက် _ဒေါက်"

သိပ်အကျယ်ကြီး လက်နဲ့မခေါက်ရဲ ခိုးပြီးလာရတဲ့ဘ၀မို့ တကယ်တမ်းလိုလည်းမလိုပါ
ဒီညတွေ့မယ်ဆိုတာ ငယ်လည်းသိပြီးသားမို့
ပြီးတော့ငယ်က အအိပ်စက်သည်လေ

ဘယ်လောက်မျှမကြာ အခန်းပြူတင်းပေါက်လေးကနေ အသာအယာတခါးလေးပွင့်လာပြီး ခေါင်းလုံးလုံးလေးကပြူတစ်လေးထွက်လာပေသည်။
ကိုယ့်ရှေ့ကလူကြားနိုင်လောက်သောအသံလေးဖြင့်

Nothing Lasts Forever Where stories live. Discover now