NOTHING LASTS FOREVER {2}

52 5 1
                                    

[Unicode]ဇာတ်ကားစတင်ရိုက်မယ့်နေ့
ဒီနေ့စောစောစီးစီး ရူတင်သွားရမည် မသွားခင် ဇာတ်ကားအသစ်စရိုက်မယ့်နေ့မလို့ လူကလန်းလန်းဆန်းဆန်း  ကိုယ့်ဘက်ကပြင်ဆင်ထားတာတွေအကုန်ပြီးပြီ  အ၀တ်အစား၊ဇာတ်ညွှန်း၊ အဖွဲ့သားတေ‌ွအတွက်lunch ၊ယုတ်ဆွအဆုံး ကိုယ်နဲ့အတူတူရိုက်မယ့်တွဲဖက်မင်းသား အကြောင်းပါ သိသင့်သလောက်သိထားရအောင် မနေ့ကတည်းကအကုန်ရှာဖွေခဲ့သည်။
နည်းနည်းတော့
သတိထားရမှာပေါ့။ သူနဲ့တွဲရိုက်မယ့်သူက ပေါ့သေးသေးထဲကမဟုတ်တော့။
သရုပ်ဆောင်စွမ်းရည‌်ကြောင့်လည်း နာမည်ကြီးသလို တွဲရိုက်မယ့်သူတွေနဲ့ သတင်းထွက်လို့လည်း နာမည်ကြီးပါသည်။
သူကတော့ ဒါမ‌‌ျိုးအဖြစ်မခံနိုင်ပါ သူနာမည်ထိခိုက်မိနိုင်သည်မလား။
ဒါကြောင့် အရင်ကိုယ့်ဘက်ကအလုပ်သဘောအရနဲ့သာပတ်သက်ပြီး  ကိုယ့်ဘက်ကကျန်တာစည်းတာရမည်။
မှန်ထဲကကိုယ့်ပံုရိပ်ကိုကြည့်ကာလက်ဖျောက်တစ်ချက်တီးလိုက်ပြီး

"Perfect"
အသေးစိတ်ပြင်ဆင်ပြီးသွားပြီ ရှုတင်သွားရုံပဲ
အမြဲတိကျအသေးစိတ်တဲ့သူမို့ အချိန်တိုအတွင်း နာမည်ရလာခြင်းကသူ့လျို့ဝှက်ချက်။

________NOTHING LASTS FOREVER _______

ဂျောင်ဟိုမင် ဂျောင်အိမ်တော်ရဲ့  သခင်လေး
ဂျောင်အိမ်တော်ကြီးရဲ့ သခင်မရဲ့ တစ်ဦးတည်းရှိတဲ့ အချစ်ဆုံး မြေးလေး

တစ်ဦးတည်းသောရှိတဲ့မြေးလေးမို့ တုန်နေအောင်ချစ်ရပါသည်။

မိဘတွေငယ်စဉ်ကတည်းကဆုံးပါးသွားခဲ့တာမို့ မိဘအနေနဲ့ရော အဖွားတစ်ယောက်အနေနဲ့ပါ အချစ်ပိုခဲ့ပါသည်။

ခါတိုင်း တိတ်ဆိတ်နေတတ်တဲ့ ဂျောင်အိမ်တော်ကြီးက ယနေ့မှာတော့ ဆူညံစွာ နဲ့မနက်မိုးလင်းကတည်းက လှုပ်ရှားနေလေရဲ့

"ဟဲ့  ဆိုယောင်း ငါ့မြေးလေးအခန်းသေချာ ပြင်ဆင်သန့်ရှင်းရေးလုပ်ပြီးပြီလား"

"ဟုတ်ကဲ့အားလုံးပြီးပါပြီ သခင်မကြီး"

"အထိန်းတော်ကြီး အမှားယွင်းမရှိဘူးမလား"

"ဟုတ်ကဲ့မရှိအောင် အတတ်နိုင်ဆုံးပြင်ထားပါတယ်"

"အိုအတတ်နိုင်ဆုံး မလိုချင်ဘူး အမှားယွင်းကိုမရှိစေရဘူး"

Nothing Lasts Forever Where stories live. Discover now