"ဟျောင့် ငထယ် အေခြနေဘယ်လိုလဲ"
ကျောင်းရောက်လို့လူကိုတွေ့တွေ့ချင်းအဆက်အဆပ်မရှိမေးလာတဲ့ဂျီမင်း
"ဘာကိုလဲ ဘာအခြေအနေကိုမေးတာ"
"မင်းကလည်း မနေ့ကအကိုဟိုဆော့ဖုန်းနံပါတ်ရ
လိုက်တယ်မလား အဲ့တာမနေ့ညကမပြောဘူးလား"
"ဟင်းးးးးးးးးးးး"သက်ပြင်းသာချမိပြန်ပါတယ်
"ဘာလို့သက်ပြင်းချတာ အဆင်မပြေပြန်ဘူးလားကွ
မင်းအချစ်ဆိုတဲ့အရာနဲ့တွေ့ကတည်းကသက်ပြင်းချတာပဲများနေသလားလို့"ဂျီမင်းပြောလည်းပြောချင်စရာပါ သက်ပြင်းချတိုင်းတာအသက်တိုမယ်ဆိုရင်
ဒီတသက်ကြာကြာနေရမယ်မထင်တော့ဘူး
"ဟျောင့်တွေ ကျောင်းထဲမဝင်သေးပဲဘာလုပ်ေန
ကြတာ ကေျာင်းပေါက်ဝကြီးမှာ ငါ့ကိုစောင့်နေတာလား"
"အေး ဂျောင်ကု နောက်ကျနေတယ်နော် မင်း"
"အေး ညကကိုကို့ဆီကgood night
ဖုန်းေစာင့်ေနတာ နောက်ကျသွားလို့ ဟီးးဟီးး"
"အဲ့တာပဲ မင်းတို့ ချစ်မိနေကြတဲ့ကောင်တွေက
တယောက်ကလည်းစချစ်မိကတည်းက ချလိုက်တဲ့သက်ပြင်း နေ့စဉ်ရက်စက်ပဲ နောက်တယောက်ကလည်း အဲ့လူအသံမကြားရရင်မအိပ်နိုင်ရတာနဲ့ တကယ်ပါ ဘာလို့များလူတွေကဒီလိုမျိုးအချစ်ဆိုတာကြီးကိုရှာချင်ေတွ့ချင်ေနကြလဲမသိပါဘူး"
"အေးပါ ပြောနိုင်တုန်းပြောထားပေါ့ မင်းလည်းချစ်ရတဲ့သူတွေ့မှ ဘယ်လိုနေမလဲစောင့်ကြည့်ဦးမယ်"
"ကဲပါ အဲ့တာတွေ ထားကြပါတော့ ဂျောင်ကု အကိုနမ်ဂျွန်းကျောင်းရောက်ပြီလား"အကိုနမ်ဂျွန်းနဲ့အသဲလေးကကျောင်းတူတူလာကြတာ
"အေး ရောက်ပြီတဲ့ကိုကိုကသူကျောင်းရောက်ပြီ
ဖြစ်ေကြာင်း msပို့တယ်"
"အမ် သတင်းပို့ရသေးတာလား အစီရင်ခံရသေးတယ်ပေါ့"
"မင်းမသိရင်အသာနေစမ်းပါ ဒါမျိုးတွေကိုမင်းလိုfa
ကောင်ကဘယ်သိမလဲ ဒါမျိုးကအစီရင်ခံစာတင်တာမဟုတ်ဘူးကွ ကိုယ်ဘာလုပ်နေလဲဆိုတာကိုယ်ချစ်ရတဲ့သူကိုသိစေချင်တာ အဲ့တာမျိုး ဘာမှလည်းမသိပဲနဲ့"
"အေးပါ ဖဲ့နိုင်တဲ့သူဆိုတော့ဖဲ့ပေါ့ကွာ"
"ပြောလို့ပြီးကြရင် အသဲလေးတို့ဆီသွားရအောင်
အသဲလေးကိုရှင်းပြစရာတွေရှိသေးတယ်"လို့ပြောပြီးအရင်ထွက်သွားတဲ့ငထယ်
"ဘာကိုရှင်းပြရမှာ မင်းက"
"အေးအေးသွားမယ် သူ့ကိုမေးမနေနဲ့ ငါပြောပြမယ်ဂျီမင်း မနေ့ကညကကွာ.................."
YOU ARE READING
As If It's Your Last💜💜
Romanceမနက်ဖြန်ဆိုတာမသေချာတာမလို့ဒီနေ့ကိုပဲနောက်ဆုံးနေ့လိုသဘောထားပြီးအစွမ်းကုန်ချစ်ကြည့်ကြမလား