"အဲ့တာကလေ ဟင်းးးးး ကျွန်တော့်မှာ Uncle Jin မဟုတ်တဲ့နောက်ထပ်ဦးလေး၁ယောက်ရှိခဲ့တယ် အခု
တော့မရှိတော့ဘူးဆုံးသွားပါပြီ ပြီးတော့ကျွန်တော့်မှာကျွန်ေတာ့်ထက်အသက်၅နှစ်ကြီးတဲ့အကို၁ေယာက်ေကာရှိခဲ့တယ် လူတွေကကျွန်တော့်ကိုတဦးထဲသောသားမှတ်နေ
ကြတာ တကယ်တော့မဟုတ်ဘူးကျွန်တော့်မှာအကို
အရင်း၁ယောက်ရှိခဲ့တယ် အခုတော့သူလဲဆုံးသွားပါပြီ"
"ဘယ်လိုဖြစ်လို့"
"ဓားထိုးခံရတာ......"
"မင်းအဆင်မပြေရင်လည်းမပြောပါနဲ့တော့"လူကိုအားနာနေတဲ့ပုံစံနဲ့ပြောလာတဲ့အသဲလေး
"မဟုတ်တာ ဒီအကြောင်းပြောပြရင်အသဲလေးကကျွန်တော်ရှင်းပြတာကိုနားထောင်ပေးမှာမလား"
"အဲ့တာက...."ဆိုပြီးဘာမှထပ်မပြောနိုင်ဖြစ်သွားတဲ့အသဲလေး အသဲလေးပုံစံကအကြောင်းအရာကိုသိ
ချင်ပေမယ့်သူတပါးရဲ့မကောင်းတဲ့အတိတ်ကိုပြောပြခိုင်းရမှာအားနာနေတဲ့ပုံစံ
"အဲ့ဦးလေး
ကျွန်တော်တို့ငယ်ငယ်ကတည်းက သူ
ပြောလေ့ရှိတဲ့စကားက နောက်နေ့ဆိုတာမသေချာ
ဘူးမနက်ဖြန်ဆိုတာမသေချာတာမလို့ ဒီနေ့လုပ်ရမှာကိုမနက်ဖြန်ကိုမရွေ့နဲ့ ဒီနေ့ကိုနောက်ဆုံးနေ့လို့သဘောထားပြီးလုပ်စရာရှိတာတွေလုပ်ချင်တာတွေကိုလုပ်နိုင်သလောက် အကုန်လုပ်ထားတဲ့ ငယ်ငယ်တုန်းကတော့ နားမလည်ဘူးအဲ့တာ ဘာပြောတာလဲဆိုတာ နောက်ပိုင်းကိုကိုဆုံးသွားမှအဲ့စကားကိုနားလည်ခဲ့တယ် ကျွန်တော့်အသက်၁၅ ကိုကို့အသက်၂၀ ကိုကိုမဆုံးခင်၁လေလာက်က ကျွန်တော် ကိုကို့ကို အကြီးအကျယ်စိတ်ဆိုးအောင်လုပ်ခဲ့မိတယ် ပြီးတော့အဲ့တာကိုယ့်အမှားမှန်းသိချိန်ကြတော့လည်း မာနကြောင့်တောင်းပန်စကားကိုတော်တော်နဲ့
ပြောမထွက်ခဲ့ဘူး မပြောနိုင်ခဲ့ဘူး ကိုကိုကကျွန်တော်တောင်းပန်စကားဆိုရုံလေးနဲ့တင်ကိုတန်းခွင့်လွှတ်ပေးမယ်ဆိုတာသိရက်နဲ့ကို မပြောနိုင်ခဲ့ဘူး မဟုတ်ဘူးပြောခွင့်ကိုမရလိုက်တော့ဘူး ကျွန်တော်ပြောဖို့ကြိုးစားလိုက်တိုင်း မနက်ဖြန်ဆိုတာရှိပါသေးတယ် နောက်နေ့မှပေါ့ဆိုပြီးအမြဲတွေးမိရင်း နောက်နေ့မှ တောင်းပန်လိုက်မယ် ဒီနေ့တော့ဒီတိုင်းပဲဆိုပြီးနေခဲ့တာ အဲ့အတွေးကအ
ရမ်းမှားမှန်း ကိုကိုဆုံးတဲ့နေ့ကြမှသိတော့တယ်
ကိုကိုဓားထိုးခံရတာကလည်း ကျွန်တော့်ကိုကာကွယ်
ပေးရင်းဖြစ်သွားတာ
အဲ့ေန့က ကျွန်တော်တို့အိမ်ရှေ့လမ်းမှာကျွန်တော်နဲ့
ဂျီမင်းတို့က မုန့်စားပြီးပြန်လာတာ ကိုကိုတို့ကလည်း
အပြင်ကပြန်လာတာထင်တယ်မျက်နှာချင်းဆိုင်လမ်းကနေလာတာ အဲ့အချိန်ပဲဆေးကြောင်နေတဲ့ဆေးသမားတယောက်ကကျွန်တော်ကိုနောက်ကနေ....... ကျွန်တော့်ကိုသူ့လက်ထဲကဓားနဲ့ထိုး
ဖို့လုပ်တာကိုကိုကိုကမြင်ပြီးကိုကိုကကျွန်တော့်အစားးကျွန်ေတာ့်အစားေလ ဝင်ခံလိုက်တယ် သိလား အဲ့နေ့ကနောက်ဆုံးနေ့ပဲ ကိုကို့ကိုတောင်းပန်စကားတောင်ကျွန်တော်မပြောလိုက်ရဘူး............"
ဆက်မပြောနိုင်တော့ပါ တကယ်ပြန်တွေးတိုင်းနာကျင်ရတယ်
"တော်ပြီ ဒီလောက်ဆိုရပြီ ဆက်မပြောနဲ့တော့ မင်းအရမ်းနာကျင်ရတယ်မလား တော်လိုက်တော့"
"ဟုတ်..... အဲ့တာဆိုအခုအသဲလေးက ကျွန်တော်ရှင်းပြတာနားထောင်ပေးတော့မှာမလား"
"အင်းနားထောင်ပေးမှာမလို့ပါးပေါ်ကမျက်ရည်ကိုသုတ်လိုက်"အသဲလေးပြောမှကိုယ့်ပါးကိုယ်စမ်းမိတယ် မျက်ရည်တွေကျနေတာပဲ
"ဟုတ် အသဲလေး ကျွန်တော်သေချာရှင်းပြေတာ့မှာမလို့သေချာနားထောင်ပေးပါနော်.........."
YOU ARE READING
As If It's Your Last💜💜
Romanceမနက်ဖြန်ဆိုတာမသေချာတာမလို့ဒီနေ့ကိုပဲနောက်ဆုံးနေ့လိုသဘောထားပြီးအစွမ်းကုန်ချစ်ကြည့်ကြမလား