ဒီဆာကူရာမြေပေါ်မှာကျွန်တော်တို့မွေးဖွားလာခဲ့ကြသလို ဒီမြေကရေကိုသောက်၊ဒီမြေကလေကိုရှူပြီး ကြီးပြင်းလာခဲ့ကြတယ်။ဒါကကျွန်တော်တို့ရဲ့ဇာတိချက်ကြွေမွေးရပ်မြေလေးပေါ့။ ပြီးတော့ ကျွန်တော့်ရဲ့ အသိုက်အမြုံရှိရာ ယိုကိုဟားမားရှိ ဂျပန်တပ်မဟာ။
ခါနဲမိုတို တို့ဟာ မျိုးရိုးအစဥ်အဆက် ဂျပန်တပ်မတော်၌ ပြည်သူများအတွက်စတေးခံခဲ့သော တပ်မတော်သားများဖြစ်သည်။ခါနဲမိုတို ယိုရှီနိုရီဟာလဲ ထိုနည်းလည်းကောင်း။သူဟာငယ်စဥ်ကထဲက ဖခင်၏ လက်အောက်၌ ကြီးပြင်းလာခဲ့သူပီပီ စိတ်ဓာတ်ကြံ့ခိုင်သောသားကောင်းရတနာလေးဖြစ်သည်။ ဂျပန်တပ်မဟာသို့ ဝင်ရောက်ချိန်တွင်လဲ တခြားသူများထက်သာလွန်စွာစွမ်းဆောင်နိုင်သော လူငယ်တစ်ယောက်ဖြစ်သည်။သူသည် ယခုအချိန်၌ပင် အသက်အငယ်ဆုံး ဗိုလ်ချုပ်တစ်ယောက်ဖြစ်နေသည်ပင်။"ဗိုလ်ချုပ် ကိုရီးယားကိုသွားလို့ရပါပြီ"
အမြဲတမ်းတော်နေတာလဲ သိပ်တော့မကောင်းပေ။ ခုဘဲတခြားနိုင်ငံကို စေလွှတ်ခံရတယ်မလား။
ယိုရှီလဲ အတွေးတစ်ချို့အားလက်စသတ်၍ လေယာဥ်ပေါ်သို့။ တစ်ဖက်နိုင်ငံသို့ရောက်သည်နှင့် သူဟာ အေးဆေးနေရပါမည်လား။ ဘုရင်က သံတမန်အနေနဲ့စေလွှတ်တဲ့သဘောမျိုးမို့ သူနားနေနိုင်ဖို့မသေချာ။အာ...ဒီလိုနဲ့ဘဲ ခါနဲမိုတိုက ရည်းစားမရဘဲနေသွားရတော့မှာလား။၊သူလဲလူငယ်လေးဘဲလေ ဟူးဟူး။"အိမ်ရာရောက်တာနဲ့ ညစာအတွက် ပြင်ဆင်ထားပါတယ်တဲ့ ဗိုလ်ချုပ်"
"အေးဆေးနေပါ Kobe kun ရာ နှစ်ယောက်ထဲရှိတဲ့အချိန်ပေါ့ပေါ့ပါးပါးပြောလို့ရပါတယ်"
သူနဲ့အတူ တပ်မြေတစ်မြေထဲမှာ ကြီးပြင်းလာခဲ့သော Kobe kun ပင် ။ ဟျွန်းက ဝင်တာနောက်ကျပြီးရာထူးနိမ့်ခဲ့ပေမယ့် ယိုရှီကတော့ သူ့အနားမှာ အမြဲရှီနိုက်အောင်လုပ်ထားနိုင်ခဲ့သည်။ တစ်နည်းအားဖြင့် ကျွန်တော့်ရဲ့ တိုင်ပင်ဖော် ဒါမှမဟုတ်အတွင်းရေးမှူးသဘောပင်။
"ရာထူးကရှိသေးတယ်လေ ယိုရှီရဲ့ ငါတို့က အပြင်မှာဘယ်လောက်ဘဲ ရင်းနှီးရင်းနှီး မင်းကဒီမှာရာထူးအကြီး တခြားသူတွေမင်းပိုအရိုသေတန်အောင် ငါမလုပ်ပါဘူး"